20 w - Translate

ယနေ့ ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့ ဘားအံမြို့တွင် ကရင်အမျိုးသား အလံကို ဦးညွတ် အလေးပြုပွဲပြုလုပ်

ယနေ့ ဒီဇင်ဘာ(၃၀)ရက်တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့ အခါသမယ၌ ဘားအံမြို့တွင် ကရင်အမျိုးသားအလံကို ဦးညွတ် အလေးပြုပွဲကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကရင်အမျိုးသားအလံကို ဦးညွတ် အလေးပြုခြင်းကို ဘားအံမြို့အမှတ်(၈)ရပ်ကွက်၊ တာကုန်း (ထန်းကုန်း)၌ပြုလုပ်ခြင်းဖြစ်ပြီး ၊ ယနေ့ နှစ်သစ်ကူးပွဲတွင် ရိုးရာဓလေ့ ခေါင်ရည်အပါအဝင် ပိန်းဥ ၊ ခရု မျှစ်ချဥ်ဟင်းတို့ဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကရင်နှစ်သစ်ကူးအထိမ်းအမှတ်အဖြင့် ဘောလုံး ၊ ချောတိုင်တက်ပွဲ နှင့် တခြား အားကစားပွဲများကိုလည်း ထည့်သွင်းကျင်းပလျက်ရှိကြောင်း သိရသည်။

အလားတူ ဘားအံမြို့ တောင်ကလေး‌ ကျေးရွာရှိ နှစ်သစ်ကူးကွင်းတွင်လည်း
ကျင်းပပြုလုပ်လျက်ရှိပြီး ၊အမြင့် (၄၆) ပေ ၊ အလျား (၇၀)ပေဖြင့် ပုံဖော်ထားသည့် ကရင်အမျိုးသားအလံ ကိုလည်း ဖွင့်လှစ်ပြသကာ အလေးပြုသွားမည်ဖြစ်သည်ဟု ဒေသခံ များထံကသိရသည်။

ယခု ၂၀၂၄ ခုနှစ်အတွင်း ကရင်နှစ်သစ်ကူးပွဲတော်မှာ (၂)ကြိမ်မြောက်ကျရောက်ခဲ့သည့် နှစ်တစ်နှစ်ဖြစ်ကာ ပြီးခဲ့သည့် ဇန်နဝါရီလ (၁၁)ရက်နေ့တွင် တစ်ကြိမ်ကျရောက်ခဲ့ပြီးဖြစ်သည်။

image