28 ပတ် - ဘာသာပြန်ပါ။

မျှော်မှန်းချက်နဲ့ ဝေးခဲ့တဲ့ မြန်မာအသင်းရဲ့ ၂၀၂၄ အဆုံးသတ်

ဒီဇင်ဘာ ၂၉

မကြာခင် ရက်ပိုင်းအတွင်းမှာ အဆုံးသတ်တော့မယ့် ၂၀၂၄ ခုနှစ်အတွင်းမှာ မြန်မာအသင်းရဲ့ မျှော်မှန်းချက်တွေ ဟာ ထင်သလိုမဖြစ်ခဲ့ဘဲ ဝေးကွာခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းဟာ ၂၀၂၄ ခုနှစ်ထဲမှာ ပွဲပေါင်း ၁၂ ပွဲ ကစားခဲ့ပြီး နိုင်ပွဲ ၂ ပွဲသာရရှိကာ သရေ ၃ ပွဲနဲ့ ရှုံးပွဲ ၇ ပွဲအထိ ကြုံတွေ့ခဲ့ရတာပါ။

မြန်မာအသင်း အနိုင်ရရှိခဲ့တဲ့ ၂ ပွဲကတော့ သီရိလင်္ကာနဲ့ လာအိုအသင်းတို့ ပွဲစဉ်တွေဖြစ်ပြီး ဒီအသင်းတွေဟာ သူတို့ထက် ကမ္ဘာ့အဆင့် သတ်မှတ်ချက် နိမ့်တဲ့အသင်းတွေ ဖြစ်ပါတယ်။

ပုံ - မြန်မာအသင်းကို တွေ့ရစဉ်

#centralnewsnaypyitaw

image