အဟုတ်ပဲဟယ်... I hate $Po
အခုခေတ် မင်္ဂလာဆောင်တွေကတမျိုးနော်
စင်ပေါ်မှာ နှစ်ယောက်သားမိုက်ကိုင်ပြီး
သူနဲ့ဘယ်လိုတွေ့ခဲ့တာ ဘယ်လိုပိုးပန်းခဲ့တာ
ဘယ်လိုအဖြေပေးခဲ့တာ ဘယ်လိုသည်းခံပေးတာ
ဘယ်လို ဆာပို့တစ်ဖြစ်တာတွေကိုပြောပြီးငိုကြတာ
( ဘယ်သူမှမမေးဘဲပြောကြတာ )
အောက်ကလူတွေက
စားစရာရှိတာမစားရသေးဘူးနော်
သူတို့ကိုကြည့်ပြီး အထင်ကြီးရမှာလား
အားကျရမှာလား ကြည်နူးပီတိဖြစ်ရမှာလား
ဝေခွဲမရမြေပဲမတွေဖြစ်ပြီး သူတို့ပြေးဖက်ကြရင်
လက်ခုပ်တွေတီးရသေးတာ
နောက်ပိုင်းကျတော့ ဝက်ဒင်ပလန်နာတွေရဲ့ဖင်ယားမှုကနောက်တဆင့်တက်လာတယ်
အဖေနဲ့အမေပါ စင်ပေါ်တက်ပြီး
သမီးကိုဖက်ငိုကြတာ
( သမီးကို လင်နဲ့ထည့်ပေးလိုက်ရမှာနှမြောလို့တဲ့ )🥴
နောက်တခါမပြီးသေးဘူး
အရင်နှီးဆုံးသူငယ်ချင်းပါဆိုတဲ့ အိုဗာတင်းမတွေကပါ သူတို့သူငယ်ချင်းအတွက် စင်ပေါ်ကိုပြေးတက်နှုတ်ဆက်စကားပြောပြီး ဖက်ငိုကြပြန်ရော ...
( သူတို့သူငယ်ချင်းကို နှမြောလို့တဲ့ )
မိဘတွေ ဆွေမျိုးတွေ သူငယ်ချင်းတွေကသာ
သူ့ကိုနှမြောလို့ဆိုပြီးငိုကြတာ
သူကသူ့ကိုယ်သူမနှမြောလို့တောင် လင်ယူလိုက်တာ 🥴🥴🥴
ငါ့လခွမ်း
မင်္ဂလာဆောင်လား အသုဘလားမသဲကွဲတော့ဘူး
ငိုတာ ငိုတာဆိုတာ....
ဖင်ယားတာ တော်ရုံပဲကောင်းတယ်
ပရုပ်ဆီလက်ဖွဲ့ရမယ် နင်တို့ကို....😒
Credit

Aung Myat
Delete Comment
Are you sure that you want to delete this comment ?