28 ပတ် - ဘာသာပြန်ပါ။

အန်တိုနီကို ရောင်းချရန် မန်ယူအသင်း ဆန္ဒမရှိဟု အေးဂျင့် အတည်ပြု

တောင်ပံကစားသမား အန်တိုနီကို ရောင်းချဖို့ မန်ယူအသင်းဘက်က ဆန္ဒမရှိသေးကြောင်း ကစားသမားဖြစ်သူရဲ့ အေးဂျင့်က ပြောပါတယ်။

ဘရာဇီးတောင်ပံကစားသမားဟာ စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခြင်း မရှိတာကြောင့် ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေသူပါ။

အန်တိုနီကို ခေါ်ယူဖို့ ကလပ်အသင်းများစွာက စိတ်ဝင်စားနေတယ်ဆိုတာ အတည်ပြုနိုင်ပြီး မန်ယူအသင်းဘက်က ရောင်းချဖို့ ဆန္ဒမရှိကြောင်း အေးဂျင့် ဂျူနီယာပတ်ဒရိုဆိုက ပြောပါတယ်။

အန်တိုနီကို အငှားချမလား၊ အပြီးသတ်ရောင်းမလားဆိုတာ မန်ယူအသင်း တာဝန်ရှိသူတွေအပေါ်မှာ မူတည်နေကြောင်း၊ လက်ရှိအချိန်အထိတော့ အန်တိုနီကို အသင်းကနေ ရောင်းထုတ်ဖို့ မန်ယူအသင်းဘက်က တကြိမ်မှ မတိုက်တွန်းခဲ့ဘူးကြောင်း အေးဂျင့် ပတ်ဒရိုဆိုက ပြောသွားပါတယ်။
DVB

image