ထိုင်းနိုင်ငံက ထွက်ခွာလာတဲ့လေယာဥ် တောင်ကိုရီးယားနိုင်ငံ Muan လေဆိပ်တွင် ပျက်ကျမှုကြောင့် အနည်းဆုံး ၂၉ ဦး သေဆုံး

ဒီဇင်ဘာ ၂၉

Jeju Air လေယာဉ်ဟာ တောင်ကိုရီးယားနိုင်ငံက Muan အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆင်းသက်ချိန် ပျက်ကျမှုဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး ၂၉ ဦးသေဆုံးခဲ့တယ်လို့ Yonhap သတင်းဌာနက ဖော်ပြပါတယ်။

ခရီးသည် ၁၇၅ ဦးနဲ့ လေယာဉ်အမှုထမ်း ခြောက်ဦး တင်ဆောင်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ပျံသန်းထွက်ခွာလာတဲ့ Jeju Air လေယာဥ် 7C2216 Boeing 737-800 ဒီမနက် Muan လေဆိပ်ပြေးလမ်းအဆင်းမှာ ချို့ယွင်းမှုဖြစ်ပွားပြီး ခြံစည်းရိုးနဲ့တိုက်မိလို့ ပျက်ကျခဲ့တာဖြစ်ပြီး ပြည်တွင်းမီဒီယာတွေက မျှဝေထားတဲ့ ဓာတ်ပုံတွေမှာ လေယာဉ်ကထွက်လာတဲ့ မီးခိုးမည်းတွေ ထူထပ်စွာ ထွက်ပေါ်လာတာကို တွေ့ရပါတယ်။

တောင်ကိုရီးယား ယာယီသမ္မတ Choi Sang-moo က Muan မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အစွမ်းကုန်လုပ်ဆောင်ဖို့အမိန့်ပေးခဲ့တယ်လို့ Yonhap က ဖော်ပြခဲ့သလို ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေချိန်မှာ လူနှစ်ဦးကို အသက်ရှင်လျက် တွေ့ရှိခဲ့တယ်လို့လည်း ကနဦးသတင်းတွေအရ သိရပါတယ်။

Ref Ajazeera, The New York Times

#centralnewsnaypyitaw

image
image
image
image