မိုးကုတ်မြီးရှည် ချဉ်ငံစပ်သုပ်(သတ်သတ်လွတ်)
........................................
နေ့လည်နေ့ခင်း ပူအိုက်တဲ့အချိန်မှာ
လွယ်ကူပြီး စားကောင်းတဲ့
မြီးရှည်ချဉ်ငံစပ်သုပ်လေး စားကြည့်နော်။
ပါဝင်တာတွေကတော့
မုန့်တီဖတ်
ဝမ်းတို့ဖူး အမာ
ကြက်သွန်နီဆီကျက်
နံနံပင်
မြေပဲထောင်း
ငရုတ်ကြော်မှုန့်
ငံပြာရည်
ကြာညို့
ဆန်လှော်ရှာလကာရည်
ဟင်းခတ်မှုန့်
တို့ပဲဖြစ်ပါတယ်။
(◑_◑)🍜🍜အချဉ်ရည်စပ်ရန်အတွက်
ကြာညို့၊ ငံပြာရည်၊ ဟင်းခတ်မှုန့်၊
ကြက်သွန်ဖြူ ညက်နေအောင်ထောင်းပြီး
အရည်ညှစ်ထည့်၊
ဆန်လှော်ရှာလကာရည်နှင့်
ရေကျက်အေးတို့ကို ရော၍ ဖျော်စပ်ထားပါ။
ကြက်သွန်နီဆီကျက်ချက်ထားပါ။
မြေပဲလှော်ထောင်းထားပါ။
မုန့်တီဖတ်ကို ရေပူဖျောထားပါ။
အားလုံးအဆင်သင့်ဖြစ်ပါက
မုန့်တီဖတ်၊ တို့ဖူးအမာ၊ အချဉ်ရည်များများ၊
နံနံပင်၊ မြေပဲထောင်း၊ ငရုတ်သီးမှုန့်တို့ထည့်၍
ချဉ်ငံစပ်သုပ်စားနိုင်ပါပြီ။
သတ်သတ်လွတ်သမားတွေပါစားလို့
အဆင်ပြေပါတယ်နော်။
