🇸🇬စင်ကာပူမှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဌာနခွဲအတွင်းရေးမှူးရာထူး အတွက်အလုပ်ကြော်ငြာကို LinkedIn မှာတွေ့ရမှုနဲ့ပတ်သက်ပြီး စင်ကာပူပြည်ထဲရေးက စုံစမ်းစစ်ဆေးနေပါတယ်။
Ngee Ann Polytechnic အတွက် တရုတ်ကွန်မြူနစ်ပါတီ CCP ရဲ့ ကွန်မြူနစ်လူငယ်အဖွဲ့ချုပ်ဌာနခွဲအတွက် အတွင်းရေးမှူးရာထူးရယ်၊ လက်ထောက်အတွင်းရေးမှူးရာထူးနေရာတွေအတွက် LinkedIn မှာ အလုပ်ကြော်ငြာတင်ထားတယ်လို့ ဆိုပါတယ်။
စင်ကာပူအနေနဲ့ အခြားနိုင်ငံတစ်နိုင်ငံက နိုင်ငံရေးလွှမ်းမိုးပက်သက်မှုမျိုးလာလုပ်တာကို လုံးဝလက်ခံမှာမဟုတ်ပါ။
“The Ministry of Home Affairs is aware of job offers on LinkedIn supposedly related to a branch of the Communist Party of China and its Communist Youth League, in Ngee Ann Polytechnic. Police reports have been received, and MHA is looking into the case,”
ပြည်ထဲရေးဝန်ကြီးဌာနက တရုတ်ကွန်မြူနစ်ပါတီနဲ့ ပတ်သက်တဲ့ အလုပ်ကြော်ငြာထားတာကို သိတယ်။ ရဲကိုတိုင်ကြားထားတာကိုလည်း လက်ခံရရှိပြီးပြီ။ ပြည်ထဲရေးက ဒီကိစ္စကိုစုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
စင်ကာပူက အခြားနိုင်ငံကနိုင်ငံရေးပြဿနာကို သူ့နိုင်ငံအတွင်းသွင်းလာခြင်းကို လုံးဝခွင့်မပြုပါ။
စင်ကာပူကျွန်းဟာ သေးငယ်တဲ့နိုင်ငံဖြစ်ပြီး သူ့ရဲ့မြေနေရာအနေအထား၊ ပထဝီနိုင်ငံရေးအနေအထားအရလည်း ဒါမျိုးကို လုံးဝလက်ခံလို့မဖြစ်တာကို တွေ့ရပါတယ်။
တရုတ်ပြည်တွင်းက ကွန်မြူနစ်ပါတီရဲ့လှုပ်ရှားမှုကို လက်ခံရင်၊ ဖိလစ်ပိုင်ကလှုပ်ရှားမှုလည်း ရောက်လာမယ်၊ အိန္ဒိယကပါတီစုံလှုပ်ရှားမှုလည်း ရောက်လာမယ်၊ မလေးရှားက နိုင်ငံရေးပြဿနာပေါင်းစုံရောက်လာမယ်၊ အင်ဒိုနီးရှားကပြဿနာစုံရောက်လာမယ်၊ ထိုင်ဝမ်အဖွဲ့အစည်းတွေရောက်လာမယ်၊ ယူကရိန်းနဲ့ရုရှားလှုပ်ရှားမှုတွေ ရောက်လာမယ်။
လက်တစ်ဆုပ်စာပဲ လူဦးရေဆန့်တဲ့ ကျွန်းနိုင်ငံလေးမှာ၊ မလေးရှား/အင်ဒိုနီးရှားတို့နဲ့ ပထဝီနိုင်ငံရေးသမိုင်းကြောင်းရှိခဲ့တဲ့အနေအထားမှာ၊ ၁၉၆၅ ခုနှစ်က အင်ဒိုနီးရှားမရိန်းစစ်သားအချို့ Orchard လမ်းပေါ်က မက်ဒေါ်နယ်ကို ဗုံးခွဲခဲ့တဲ့ သမိုင်းကြောင်းရှိခဲ့တဲ့ အနေအထားမှာ စင်ကာပူဟာ ပြည်ပနိုင်ငံတွေက မည်သည့်ပြဿနာကိုမှ သူ့နိုင်ငံအတွင်းလာရောက်လှုပ်ရှားတာကို လုံးဝလက်မခံတော့တာ ဖြစ်ပါတယ်။
စင်ကာပူဝန်ကြီးချုပ်ဟောင်း မစ္စတာလီကွမ်ယုက အမေရိကန်ရဲ့လွှမ်းမိုးမှုကိုလည်း ဆတ်ဆတ်ထိမခံတုန့်ပြန်ခဲ့သလို၊ တရုတ်ကွန်မြူနစ်တွေရဲ့လွှမ်းမိုးရန်ကြိုးစားမှုကိုလည်း ပြင်းပြင်းထန်ထန်တိုက်ဖျက်ခဲ့ရပါတယ်။
ဒါတောင် ပြည်ပနိုင်ငံအချို့က အခုထိ နိုင်ငံရေးအရလွှမ်းမိုးဖို့ ကြိုးစားမှုတွေ ရှိနေဆဲပါ။
စင်ကာပူနိုင်ငံသား စီးပွားရေးသမား Philip Chan ကို ပြည်ပနိုင်ငံရေးလွှမ်းမိုးခံရသူ PSP အဖြစ်သတ်မှတ်ခဲ့တာရှိပါတယ်။
အခုဖြစ်ရပ်မှာ ဘယ်သူက LinkedIn မှာ အဲ့ဒီအလုပ်ကြော်ငြာတင်ခဲ့တာလဲ? နောက်ခံကဘယ်သူတွေနဲ့ဆက်နွယ်နေသလဲဆိုတာကို ဆက်လက်စုံစမ်းအရေးယူသွားမယ့်ပုံ ရှိပါတယ်။
ကမ္ဘာ့နိုင်ငံအချို့မှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ လွှမ်းမိုးရန်ကြိုးပမ်းမှု၊ သွေးတိုးစမ်းမှုသတင်းတွေကအခုနောက်ပိုင်းမှာ ပိုကြားလာရပါတယ်။
Credit
