ပို့ကုန်သွင်းကုန် အခွန်ကောက်ခံမယ့် နိုင်ငံခြားငွေ လဲလှယ်နူန်းထား တိုးမြှင့်မှုကြောင့် သွင်းကုန်တွေ စျေးတက်နိုင်

ဒီဇင်ဘာ ၂၈

ပို့ကုန် သွင်းကုန်ပစ္စည်းတွေအပေါ် အခွန်ကောက်ခံတဲ့နူန်းကို ယခင်ကကောက်ခံနေတဲ့အမေရိကန်ဒေါ်လာ ၂၁၀၀ ကျပ်အစား Market Trading Rate တဒေါ်လာ ကျပ် ၃၅၈၀ ဝန်းကျင်အဖြစ်တိုးမြှင့် ပြောင်းလဲ ကောက်ခံတော့မယ်လို့ အကောက်ခွန်ဦးစီးဌာနက အသိပေးလိုက်ပါတယ်။

အခွန်ပြောင်းလဲကောက်ခံခြင်းကို လာမယ့်၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစပြီးပြောင်းလဲ ကောက်ခံမှာဖြစ်တယ်လို့သိရပါတယ်။

" အရင်က အခွန်ကောက်ရင် ဗဟိုဘဏ်သတ်မှတ်နူန်း တဒေါ်လာ ၂၁၀၀ နဲ့ ကောက်ခံတယ်။ အခုတော့ တဒေါ်လာကို ၃၅၈၆.၈ ကျပ်နဲ့ ကောက်မှာပါ။အမေရိကန်ဒေါ်လာတခုတည်းမဟုတ်ပါဘူး ။နိုင်ငံခြားငွေလဲနှုန်းတွေ အကုန်လုံးစျေးပြောင်းသွားပါတယ်။ကုန်စျေးနှုန်းတက်ဦးမှာပါ။ တရားဝင် နိုင်ငံခြားငွေစျေးကိုတိုးလိုက်တော့ စျေးကွက်ကပိုတက်သွားမယ်။ပို့ကုန် သမားတွေလည်းဒုက္ခရောက်တာပေါ့။အခွန်ဆောင်ရတော့ ၃၅၀၀ ကျော်နဲ့ဆောင်ရတယ်။ကိုယ်က ၆၅ ၊၃၅ စနစ်မှာကျ၂၁၀၀ နဲ့အလဲခံရမယ်။ပြည်ပသွင်းကုန်တွေစျေးတက်ပြီးပို့ကုန်စျေးတွေအေးသွားနိုင်မယ်။" လို့ ပို့ကုန်လုပ်ငန်းရှင်ကပြောပါတယ်။

အခွန်စည်းကြပ်ကောက်ခံရာမှာ အသုံးပြုမယ့် ဈေးကွက်ငွေလဲလှယ်နှုန်း Market Trading Rate ကို အခြေခံပြီး အပတ်စဉ်နိုင်ငံခြားငွေလဲလှယ်နှုန်း (Weekly Exchange Rate) ကိုလည်း အကောက်ခွန်ဦးစီးဌာနရဲ့ Website ၊ Facebook Page မှာ အပတ်စဉ် ထုတ်ပြန်ပေးမယ်လို့ ပြောဆိုထားပါတယ်။

ပြောင်းလဲကောက်ခံမယ့် အခွန်အတွက်နိုင်ငံခြားငွေလဲလှယ်နူန်းတွေက အမေရိကန်ဒေါ်လာ ( USD) တဒေါ်လာကို ၃၅၈၆.၈ ၊ ယူရိုလဲလှယ်နူန်း ၃၇၅၅.၉၅၂ ကျပ်၊ စင်ကာပူ (SGD) ၂၆၅၃.၁၃၄ ကျပ်၊တရုတ်ယွမ် ၄၉၂ ကျပ်၊ ထိုင်းဘတ် ၁၀၄ ကျပ်၊မလေးရှား ၈၀၂ ၊အိန္ဒိယရူပီး ၄၂.၄၂၈ ကျပ်၊ဘင်္ဂလားဒေ့ရှ် ၃၀ ကျပ် တို့ပြောင်းလဲတိုးမြင့်သတ်မှတ်ကောက်ခံမှာဖြစ်ပါတယ်။

လက်ရှိအခွန်ကောက်ခံနေတဲ့ နိုင်ငံခြား ငွေလဲလှယ်နူန်းကတော့အမေရိကန်ဒေါ်လာ ( USD) တဒေါ်လာကို ၂၁၀၀ ကျပ် ၊ ယူရိုလဲလှယ်နူန်း ၂၁၉၉ ကျပ်၊ စင်ကာပူ (SGD) ၁၅၅၃.၁၃၄ ကျပ်၊တရုတ်ယွမ် ၂၈၈ ကျပ်၊ ထိုင်းဘတ် ၆၁ ကျပ်၊မလေးရှား ၄၆၉ ကျပ်၊အိန္ဒိယရူပီး ၂၄ ကျပ်၊ဘင်္ဂလားဒေ့ရှ် ၁၇ ကျပ် တို့ဖြစ်တယ်လို့သိပါတယ်။

ဒါကြောင့် အမေရိကန်တဒေါ်လာကို မြန်မာကျပ်ငွေ ၁၅၀၀ နီးပါးတက်လာသလို ယူရိုကလည်း ၁၅၀၀ကေျာ်တက်လာကာ ကျန်တဲ့နိုင်ငံခြားငွေလဲလှယ်နူန်းတွေလည်း ထက်ဝက်နီးပါးထပ်တိုးသွားပါတယ်။

Photo: Reuters

#centralnewsnaypyitaw

image