28 w - Translate

နိုင်ငံတကာသတင်းတိုများ

၁။တရုတ်သည်တိုက်​လေယာဥ်များပါတင်​ဆောင်နိုင်​သောကမ္ဘာ့အကြီးဆုံးတိုက်ခိုက်​ရေးစစ်သင်္ဘောကြီးကိုအရှိန်အဟုန်မြှင့်တည်​ဆောက်လျက်ရှိသည်။

၂။​မြေထဲပင်လယ်တွင်နစ်မြုတ်​နေ​သောရုရှားသင်္ဘောမှသင်္ဘောသားများကိုကယ်တင်ရန်​နော်​ဝေသင်္ဘောမှငြင်းဆိုခဲ့ခြင်းသည်ခွင့်မလွှတ်နိုင်​သောကိစ္စဟုရုရှားသမ္မတ​ဟောင်းဒီမီထရီမက်ဗီဒက်က​ပြောလိုက်သည်။

၃။အိန္ဒိယဝန်ကြီးချုပိအဖြစ်၁၀နှစ်တာဝန်ထမ်း​ဆောင်ခဲ့ပြီးအသက်၉၂အရွယ်တွင်ကြာသပ​တေး​နေ့ကကွယ်လွန်သွား​သောဝန်ကြီးချုပ်​ဟောင်းမန်မိုဟန်ဆင်းအတွက်အစိုးရက၇ရက်ကိုဝမ်းနည်းဖွယ်​နေ့အဖြစ်သတ်မှတ်လိုက်သည်။

၄။ဆီးရီးယားကိုသိမ်းပိုက်လိုက်​သောသူပုန်များကအယ်လ်​ကေးဒါးအကြမ်းဖက်အဖွဲ၏ထိပ်တန်းတပ်မှူးလည်းဖြစ်ကုလသမဂ္ဂကအကြမ်းဖက်သမားအဖြစ်လည်းသတ်မှတ်ထားသူအန်နက်စ်ဟတ်ဆန်ခါတက်ကိုဆီးရီးယား​ထောက်လှမ်း​ရေးအဖွဲအကြီးအကဲအဖြစ်ခန့်လိုက်သည်။

၅။အဇာဘိုင်ဂျန်​လေ​ကြောင်းလိုင်းမှ​လေယာဥ်တစ်စီးကိုရုရှားထုတ်ဒုံးကျည်ဖြင့်ပစ်ချပြီး​နောက်​လေ​ကြောင်းလိုင်းသည်ရုရှားမြိုကြီး၇မြိုသိုပျံသန်း​နေသည့်ခရီးစဥ်များကိုရပ်ဆိုင်းလိုက်သည်။

NOM