ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ တန်ဖိုးမြင့် လျှပ်စစ်သုံး လူစီးယာဉ်များအား အကောက်ခွန်ကုန်လှောင်ရုံအတွင်း ထည့်သွင်းခွင့် မပြုတော့ကြောင်း အသိပေး

ဒီဇင်ဘာ ၂၈

ဦးဆောင်ကော်မတီ၏ သတ်မှတ်ချက်အထက် တန်ဖိုးမြင့် လျှပ်စစ်သုံးလူစီးယာဉ်များအား အကောက်ခွန်ကုန်လှောင်ရုံအတွင်း ထည့်သွင်းခွင့်ကို ၂၀၂၅ ခုနှစ် ဇန်ဝါရီလကုန်အထိသာ ခွင့်ပြုမည်ဖြစ်ပြီး ကျန် တက္ကစီ၊ အများသုံးယာဉ်နှင့် လုပ်ငန်းသုံးယာဉ်များကို ယခင်အတိုင်း ထည့်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ အသိပေးကြေညာထားသည်။

ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သည့် သတင်းလွှာ (၇/၂၀၂၄) အရ အကောက်ခွန် ကုန်လှောင်ရုံတွင် ထည့်သွင်းခွင့်ပြုထားသည့် ကုန်စည်အုပ်စု ၅ မျိုးနှင့်စပ်လျဉ်း၍ အကျုံးဝင်သည့် HS Code 10 Digit ကုန်စည်လိုင်း ၆၈၅ လိုင်းနှင့် CMP စနစ်ဖြင့် တင်သွင်းသည့် ကုန်ကြမ်းပစ္စည်း ၊ စက်ပစ္စည်းနှင့် ဆက်စပ်စ္စည်းများအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်တွင် ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ယခင် ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သည့် သတင်းလွှာ (၂/၂၀၂၄)ဖြင့် ထုတ်ပြန်ထားသည့် ကုန်ပစ္စည်းအုပ်စုများ (HS Code) အား အကောက်ခွန်ကုန်လှောင်ရုံအတွင်း သိုလှောင်ရန်အတွက် အကောက်ခွန်ဦးစီးဌာနသို့ လျှောက်ထားမှုကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိသာ ခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့ပြီးဖြစ်သည်။

ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သည့် သတင်းလွှာ (၇/၂၀၂၄ )တွင် ဖော်ပြထားသည့် ကုန်စည်အုပ်စု ၅ မျိုးအနက် ကုန်စည်အုပ်စု ၄ မျိုး၊ HS Code 10 Digit ကုန်စည်လိုင်း ၆၈၅ လိုင်းအား အကောက်ခွန်ကုန်လှောင်ရုံတွင် ထည့်သွင်းသိုလှောင်ခွင့်ပြုရန် လျှောက်ထားလာပါက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍လက်ခံပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အတူ CMP စနစ်ဖြင့် တင်သွင်းသည့် ကုန်ကြမ်းပစ္စည်း၊ စက်ပစ္စည်းနှင့် ဆက်စပ်စ္စည်းများအား အကောက်ခွန် ကုန်လှောင်ရုံတွင် ထည့်သွင်းသိုလှောင်ခွင့်ပြုရန် လျှောက်ထားလာပါက ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်၍ လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ သတ်မှတ်ချက်အထက် တန်ဖိုးမြင့် လျှပ်စစ်သုံးလူစီးယာဉ်များအား အကောက်ခွန်ကုန်လှောင်ရုံအတွင်း ထည်သွင်းခွင့်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိသာ ခွင့်ပြုမည်ဖြစ်ပြီး ကျန် Taxi၊ အများသုံးယာဉ်နှင့် လုပ်ငန်းသုံးယာဉ်များကို ယခင်အတိုင်း ဆက်လက်ထည့်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

ပုံစာ- အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် တင်သွင်းလာသည့် လျှပ်စစ်သုံးယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့မှုကိုတွေ့ရစဉ်

(ဓာတ်ပုံ- စီးပွားကူးသန်းဝန်ကြီးဌာန)

#သတင်းဟင်းလေးအိုးကြီး

imageimage