#ကြက်ကာလသားဟင်း
#ကြက်သားနှင့်ဗူးသီးကာလသားချက်?
🔸🔸🔸🔸🔸🔸🔸🔸🔸

🍲 ဒီဟင်းပွဲကို ဗမာကြက်နဲ့ ချက်ရင်အကောင်းဆုံးဆိုပေမယ့်
ဘာကြက်နဲ့ဖြစ်ဖြစ်ချက်လို့ရပါတယ်။အရသာတော့နည်းနည်းကွာတာပေါ့နော်🍽️

🔹ပါဝင်ပစ္စည်းလေးတွေ🔹

🔹ဗမာကြက်(အိမ်ကြက်)........၁ကောင်

🔹ဗူးသီးနုနုသေးသေး............၁လုံး

🔹ကြက်သွန်နီ.....................၂လုံး

🔹ခရမ်းချဉ်သီး.....................၂လုံး

🔹ချင်း+ကြက်သွန်ဖြူ........... အနည်းငယ်စီ

🔹ငရုတ်သီးခြောက်(သို့)စိမ်း...၅တောင့်ခန့်

🔹ငါးပိ..............................အနည်းငယ်

🔹စပါးလင်........................၃ပင်
----------------------

👩‍🍳 ကဲ ချက်ကြည့်ကြစို့ 👩‍🍳

1️⃣ ကွကျသားတှကေိုကွိုကျသလိုအတုံး‌လေး‌တှေခုတျပါ။

2️⃣ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ချင်း ၊ ငရုတ်သီးတွေကိုရောထောင်းပြီးကြက်သားထဲထည့်ပါ။

3️⃣ အတော်အသင့်လှီးထားတဲ့ခရမ်းချဉ်သီးတွေလဲထည့်ပါ။

4️⃣ ဆား၊ ငါးငံပြာရည် ၊ နနွင်း၊ အရောင်တင်အမှုန့်၊ ငါးပိ၊ ဟင်းခတ်မှုန့်ထည့်ပြီးနယ်ပါ။

5️⃣ ချက်မယ့်အိုးမှာဆီကိုအပူပေးပြီးဓားပြားရိုက် လုံးချေထားတဲ့စပါးလင်ကိုမွှေးအောင်ဆီသပ်ပါ။

6️⃣ အရသာနယ်ထားတဲ့ကြက်သားတွေထည့်ပြီးလုံးချက် ချက်ပါ။

7️⃣ ကြက်သားတစ်ရေခမ်းလောက်တဲ့အခါခပ်ရွယ်ရွယ်လှီးထားတဲ့ဗူးသီးနုနုတွေထည့်ပါ။

👩‍🍳ဒီနေရာမှာ ဗူးသီးကစိမ်းပြီးနူးအိတဲ့အကြောင်းကိုရှင်းပြပါ့မယ်

(ကြက်သားနဲ့ ဗူးသီးရောပြီးတဲ့အချိန်မှာအဖုံးအုပ်ထားရပါမယ်။အငွေ့ကြောင့်ဗူးသီးလေးတွေစိမ်းပြီး အိလာပါမယ်။)

8️⃣ အရသာမြည်းစမ်းကြည့်ပါ။ကိုယ်လိုချင်တဲ့အရသာ၊ကြက်သားရဲ့နူးအိမှု ဗူးသီးရဲ့အစိမ်းရောင်မပြောင်းပဲပျော်ဝင်မှု ရပြီဆိုရင်အဖုံးဖွင့်လိုက်ပါ။

‼️ဒီအချိန်က ဟင်းပွဲရဲဲ့အလှဆုံးအဓိကအကျဆံုးအချိန်ပါ။မေ့လျောပြီးအဖုံးပိတ်ထားရင် ဗူးသီးတွေဝါသွားပါလိမ့်မယ်။‼️

အနည်းငယ်အေးသွားလို့ပြန်နွှေးတဲ့အခါတိုင်းမှာလဲ အဖုံးဖွင့်နွှေးပါ။

👩‍🍳အဓိကပြောချင်တဲ့ main pointက အစိမ်းရောင်ရှိတဲ့အသီးအရွက်တွေကိုအငွေ့(သို့)
မီးအပူချိန်ကြောင့်စိမ်းစေပါတယ်။👈

ရေနဲ့ပြုတ်တဲ့အသီးအရွက်တွေကိုမီးအပူချိန် ၊အငွေ့လုံစေတဲ့ နည်းနဲ့ ပြုတ်ရင်စိမ်းမှာဖြစ်ပေမယ့် အငွေ့ကြောင့်စိမ့်ပြီးနူးအိနေတဲ့အသီးအရွက်တွေကိုအဖုံးပိတ်လိုက်ရင်တော့အရောင်ပြောင်းသွားပါလိမ့်မယ်။

👩‍🍳 ကဲ ဒါဆိုရင်အရောင်အသွေးရော အရသာရောရှယ်ခံတွင်းတွေ့မယ့် ကြက်ကာလသားချက်လေးရပါပြီ🍲

image