29 ပတ် - ဘာသာပြန်ပါ။

ယခုနှစ် ဆောင်းရာသီ အခြေခံလက်ဝှေ့သင်တန်း ပို့ချမည်

ယခု၂၀၂၄ ခုနှစ် ဆောင်းရာသီ အခြေခံလက်ဝှေ့သင်တန်းကို ဒီဇင်ဘာ(၂၈)ရက်မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက် အထိ (၂)လနီးပါး သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလက်ဝှေ့ အဖွဲ့ချုပ်ထံက သိရသည်။

သင်တန်းကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့ နံနက်(၇)နာရီမှ (၉)နာရီအထိ လက်ဝှေ့အဖွဲ့ချုပ်လေ့ကျင့်ရေးရုံ (သုဝဏ္ဏအားကစားကွင်း)၌ အဖွဲ့ချုပ်သင်တန်းနည်းပြများက ဦးဆောင်သင်ကြားပို့ချပေးမည်ဖြစ်ကာ သင်တန်းဝင်ကြေးအဖြစ် ကျပ်(၂၀,၀၀၀)သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ လက်ဝှေ့သင်တန်းအား အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်တို့မှ ပူးပေါင်းဖွင့်လှစ်ပေးခြင်းဖြစ်သည်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် ဆရာကျော်စွာအောင် ၀၉၄၅၀၀၂၈၀၄၂ ၊ ဆရာရန်ဝင်းကြည် ၀၉ ၄၄၅၆ ၅၇၅၀၉ ၊ ဆရာရှိုင်းလင်းအောင် ၀၉ ၆၉၆၅၇၅၂၁၄ ၊ ဆရာလင်းထွဋ်ပိုင် ၀၉ ၄၂၇၅၂၇၉၉၅ နှင့် ဆရာစိုးသူလွင် ၀၉ ၄၂၄၉၉၅၃၇၈၅ တို့ထံသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

image