ပဲစောင်းလျားသီးသုပ်နည်း
အရောင်မပြောင်းပဲစိမ်းစိမ်းလေးနဲ့ကြွပ်ကြွပ်လေးဖြစ်အောင်သုပ်နည်း
ကြက်သွန်ဖြူ နီဆီချက် ချက်ထားပါ
ပဲသီးကိုရေစင်အောင်ဆေးပြီးခပ်ပါးပါးလေးတွေလှီးထားပါ
ပြီးရင်ရေနွေးပွက်ပွက်ဆူအောင်တည်ပြီးဆီသုံးလေးစက်လောက်ထည့်ပါ
ပြီးရင်ပဲသီးတွေထည့်ပြီးရေနွေးဖျောပါ
တမိနစ်ကျော်အလွန်ဆုံးနှစ်မိနစ်လောက်ဆိုရပါပြီ
ပြီးရင်ရေအေးအေးလေးထဲဆယ်ထည့်ပါ
ဆယ်ထည့်ပြိးအပူလျော့သွားရင်ပြန်ဆယ်ပြီးရေစစ်ထားပါ
ပြီးရင်အသုပ် သုပ်ရန်ငရုပ်သီးစိမ်နဲ့ ကြက်သွန်နီပါးပါလှီးထည့်ပါ
မြေပဲလေးထောင်းထည့် ပဲကျက်မုန့်ထည့်
ကြက်သွန်ဆီချက်ထည့်
အရသာအတွက်ကြက်သားမုန့်နဲ့ဆားအနည်းငယ်ထည့်
သံပုရာသီးလေးညှစ်ပြီးအားလုံးရောသုပ်ပါ
ပြီးရင်အရသာလေးမြည်းပြီးနှမ်းလှော်လေး
ဖြူးပြီးရပါပြီရှင်
Kay K Kitchen
#crd_to_owner_with_respect
#ဟင်းချက်နည်း
#crd_to_owner kay k kitchen
