အုန်းနို့ သာကူ ကျောက်ကျောလုပ်နည်း 
****************** 
ကျောက်ကျောလုပ်ရတာ ဝါသနာမပါပါဘူး ဒါပေမဲ့ စာအုပ်တစ်အုပ်ထဲမှာ အုန်းနို့ သာကူကျောက်ကျော ဆိုပြီး တွေ့တာနဲ့ သာကူဆို ကြိုက်တာမို့ မနေနိုင်လို့ စမ်းကြည့်မယ်ဆိုပြီး စမ်းရင်းနဲ့ လုပ်ဖြစ်သွားပါတယ် ။ fri တို့ရေ ...လုပ်ပြီးတော့ အတော်လေးစားကောင်းတာနဲ့ အတောမသတ်ဖြစ်သွားပါတယ် !!! 
 
အကင်စက် အမျိုးမျိုး လက်လီ လက်ကားရောင်းဝယ်ရေး  
 
ပါဝင်ပစ္စည်း 
******** 
သာကူ---၅ ကျပ်သား 
ကျောက်ကျောမှုန့်(AGAR AGAR တံဆိပ်)1ထုပ် 
သကြား---၁၀ကျပ်သား 
အုန်းနို့ Cream ---ဘူးသေး ၁ ဘူး 
ဆား---မန်ကျည်းစေ့ခန့် 
ဆွမ်းမွှေးရွက် ---၅ရွက် 
ရေ---နို့ဆီဘူး ၂ဘူး 
 
ပြုလုပ်ပုံ 
****** 
၁ ။ ဆွမ်းမွှေးရွက်ကို ကြိတ်ခြေပါ ရေနဲနဲ စိမ်ထားပြီး အရည်စစ်ယူပါ။ အဖတ်ကို ထုပ်ပြစ်ပါ ။ 
 
၂ ။ သကြား ဆား ရေ ကျောက်ကျောမှုန့်ကို ဖျော်ပါမယ် ။ ဖျော်ပြီးသား ၃ပုံ ၁ပုံ ကို ဆွမ်းမွှေးရည်ထည့်ကျိုပါ ။ ကျိုပြီး ၁၀မိနစ်လောက်ကြာရင် ပြစ်လာပါတယ် ။ ပြစ်လာတာနဲ့ ထည့်မဲ့ ပုံစံခွက်ထဲ လောင်းထည့် အအေးခံထားပါ။ 
 
၃ ။ ကျန် ၂ပုံကို ကျိုပါ ။ဆူပြီး ခဏ နေရင်အုန်းနို့ ထည့်ပြီးကျိုပါ ။ ၁၀မိနစ်လောက်ကြာလို့ပြစ်လာရင် ဇလုံ တစ်လုံးထဲမှာ ရေနွေးထည့်ပြီး အပေါ််ကအိုးကို တင်ပြီးချ ထားပါ (အေးရင်ခဲသွားမှာစိုးလို့ပါ) 
 
၄ ။ သာကူကိုသပ်သပ် အိုးတစ်လုံးနဲ့ ရေ နို့ဆီဘူးနှစ်ဘူးထည့်ပြီးပြုပ်ပါ။အစေ့ပြောက်ရင် ရေသွန်ပြစ်ပြီး သာကူကို အုန်းနို့ရေကျိုပြီးသားထဲ လောင်းထည့်မွှေပေးပြီး ပထမဆွမ်းမွှေး ကျောက်ကျော ရည်ထည့်ထားတဲ့ ခွက်ရဲ့ မျက်နှာပြင်တင်းလာတဲ့ အတွက် အပေါ်ကို်ကိုအသာလေး လောင်းထည့်ပါ ။  
ခဏကြာ အအေးခံပြီး အေးရင် ရေခဲသေတ္တာထဲထည့် လိုသလိုလှီးဖြတ်စားသုံးနိုင်ပါတယ် ။  
မွှေးပြီးအရသာရှိတဲ့ ကျောက်ကျောလေးပါ ။ 
 
၅ ။ ဆွမ်းမွှေးရွက် မရှိလို့ အောက်ခံ အရောင်လှလှလေးလိုချင်ရင်တော့ အစာသုံးဆိုးဆေး(ကြိုက်တဲ့ အရောင်) အရည်တစ်စက် (သို့)အမှုန့် ငရုတ်ကောင်းစေ့ တစ်စေ့စာ ရေနဲ့ ဖျော်ပြီး ဆွမ်းမွှေးရွက်အစား ထည့်ပါ ။ 
အရောင်နဲ့ ကျောက်ကျောရည် ပထမ ၃ပုံ ၁ပုံ ထည့်ပြီး အအေးခံထားတဲ့မျက်နှာပြင်မတင်းသေးဘဲ လောင်းထည့် လိုက်ရင်လည်း ရပါတယ် ။ အရောင်ကျားကျားလေး ဖြစ်သွားပေါ့ တစ်မျိုးအမြင်ဆန်းပါတယ် ။  
အရသာရှိစွာ ပြုလုပ်စားသုံးနိုင်ကြပါစေ ။ 
 
မူရင်ပုံ ပိုင်ရှင်အား credit ပေးပါတယ် 
Credit aye myat phyo
 
         
 
		  
		 
		 
		 
                