30 ပတ် - ဘာသာပြန်ပါ။

ဒုတိယဝန်ကြီးချုပ်တွေက ဥက္ကဋ္ဌ အဖြစ်ပါဝင်ပြီး ပြည်ထောင်စုဝန်ကြီးတွေက ဒုဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ ကော်မရှင်အသစ် ၃ ခုကို နစက ဖွဲ့စည်း

ဒီဇင်ဘာ ၁၉

ဝန်ကြီးဌာနတွေက ပြည်ထောင်စုဝန်ကြီးတွေ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မယ့် ကော်မရှင်အသစ် ၃ ခုကို ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဒီဇင်ဘာ ၁၈ ရက်ညပိုင်းမှာ အသိပေးထုတ်ပြန်လာခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ စက်မှုကဏ္ဍ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်ဆောင်ရွက်နိုင်ဖို့အတွက် အသစ်ဖွဲ့စည်းလိုက်တဲ့ အဲဒီကော်မရှင်တွေက စက်မှုဖွံ့ဖြိုးရေးကော်မရှင်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်နဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံဖြိုးရေးကော်မရှင်တို့ ဖြစ်ကြပါတယ်။

အဲဒီကော်မရှင်တွေထဲက စက်မှုဖွံ့ဖြိုးရေးကော်မရှင်ကို ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်မှာဖြစ်သလို ဒုတိယဥက္ကဋ္ဌအဖြစ် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက ဆောင်ရွက်မှာဖြစ်ပါတယ်။

#centralnewsnaypyitaw

image
image
image