30 w - Translate

ရုရှားကကင်ဆာကာကွယ်ဆေးဖော်စပ်ခဲ့ပြီး လူနာများထံ အခမဲ့ဖြန့်ဝေမည်

မော်စကို၊ဒီဇင်ဘာ ၁၈

ရုရှားနိုင်ငံထုတ် ကင်ဆာကာကွယ်ဆေးကို ဖော်စပ်နိုင်ခဲ့ပြီး လာမည့် ၂၀၂၅ ခုနှစ်ဆန်းပိုင်းမှစ၍ ဖြန့်ချိသွားနိုင်ကြောင်းသိရကာ ကင်ဆာဝေဒနာသည်များအား အခမဲ့ကုသပေးသွားမည်ဖြစ်ကြောင်းသိရသည်။

"ကာကွယ်ဆေး၏ကြိုတင်စမ်းသပ်မှုများအရ အဆိုပါဆေးသည် အကျိတ်ကြီးထွားမှုနှင့် ကင်ဆာ ပျံ့နှံ့ နိုင်ချေတို့ကို တားဆီးပေးနိုင်ကြောင်းလည်းသိရသည်" ဟု ကူးစက်ရောဂါနှင့် အဏုဇီဝဗေဒဆိုင်ရာအမျိုးသားသုတေသနစင်တာမှ ဒါရိုက်တာ Alexander Gintsburg ကပြောကြားခဲ့သည်။

ယခုနှစ်အစောပိုင်းကပြောကြားခဲ့သည့် ရုရှားသမ္မတ၏မိန့်ခွန်း၌ သမ္မတပူတင်က ရုရှားအနေဖြင့် ကင်ဆာကာကွယ်ရေးအတွက် ကာကွယ်ဆေးဖော်ရာ၌ အလွန်နီးကပ်နေပြီဖြစ်သည်ဟုပြောကြားခဲ့သည်။

ယခုကာကွယ်ဆေးသည် ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးပြီး ကင်ဆာရောဂါဆဲလ်များအားတိုက်ဖျက်ရာ၌ အထောက်အကူဖြစ်စေမည်ဖြစ်သည်ဟုလည်းသိရသည်။