နေပြည်တော်တွင် အမျိုးသားတစ်ဦး အရက်အမူးလွန်၍ လမ်းလယ်ကျွန်းပေါ်သို့ ဆိုင်ကယ်တိမ်းမှောက်ရာ အခင်းနေရာ၌ သေဆုံး

နေပြည်တော်၊ ဒီဇင်ဘာ ၁၈

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ Sinma Living mall မီးပွိုင့်အနီးတွင် အမျိုးသားတစ်ဦး အရက်အမူးလွန်၍ လမ်းလယ်ကျွန်းပေါ်သို့ ဆိုင်ကယ်တိမ်းမှောက်ရာမှ အခင်းနေရာ၌ သေဆုံးသွားကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၈ ရက် နံနက်ခင်းအချိန်တွင် ဆိုင်ကယ်တိမ်းမှောက်ရာ အမျိုးသားတစ်ဦး သေဆုံးကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ ဒေသခံလူမှုကူညီရေးအသင်းမှ သွားရောက်ခဲ့ကြောင်း သိရသည်။

“အရက်အမူးလွန်ပြီး လမ်းပလက်ဖောင်းပေါ်ကို ဆိုင်ကယ်ရောက်ပြီးမှောက်တာ။ မောင်းတဲ့သူကတော့ သေသွားတယ်” လို့ ရုပ်အလောင်းကို သွားရောက်သယ်ဆောင်သည့် ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုမော်တော်ဆိုင်ကယ်မှောက်၍ သေဆုံးသည့် အမျိုးသား၏ ရုပ်အလောင်းကို ဇမ္ဗူသီရိမြို့နယ်ရှိ ကုတင် (၁၀၀၀) ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

Photo - Credit

#centralnewsnaypyitaw

image