21 ပတ် - ဘာသာပြန်ပါ။

စားအုန်းဆီ ရည်ညွှန်းဈေး တစ်ပိဿာ (၇၂၅၀) ကျပ်သတ်မှတ်

စားသုံးသူစျေးကွက်အတွင်း ရောင်းချရန် စားအုန်းဆီ ရည်ညွှန်းဈေးတစ်ပိဿာ (၇၂၅၀)ကျပ်ဖြင့် ရောင်းရန်သတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် စျေးဆက်လက်မြင့်တက်နေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် တစ်ပါတ်တွင် စားအုန်းဆီတစ်ပိဿာ ရည်ညွှန်း‌ဈေး(၇၂၅၅)ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာ (၇၂၅၀) ကျပ်သို့ ကျဆင်းလာခြင်း ဖြစ်သည်။

၂၀၂၄ ခုနှစ်ဒီဇင်ဘာလ (၁၆) ရက်မှ ဒီဇင်ဘာလ(၂၂) ရက်အထိ စားအုန်းဆီတစ်ပိဿာအခြေခံလက်ကားရည်ညွှန်းဈေး(၇၂၅၀)ကျပ်ဖြင့်ရောင်းချရန် သတ်မှတ်ထားပြီး ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စားအုန်းဆီကို သမဝါယမစနစ်ဖြင့် အိမ်ထောင်စုတစ်ခုလျှင် ဆီဝယ်ယူခွင့်စာအုပ် တစ်အုပ်ကို စားသုံးဆီ (၅၀) ကျပ်သားမှ တစ်ပိဿာအထိ ရောင်းချပေးနေကြောင်း သိရသည်။

image