21 ပတ် - ဘာသာပြန်ပါ။

မန်စီးတီးကို အနိုင်ယူခဲ့သည့် မန်ယူကစားသမားများကို နည်းပြအာမိုရင် ချီးကျူး

မန်စီးတီးကို ပွဲပြီးခါနီးဂိုးတွေနဲ့အတူ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ မန်ယူအသင်းသားတွေရဲ့ စွမ်းဆောင်ရည်ကို နည်းပြ အာမိုရင်က ချီးကျူးပြောသွားပါတယ်။

မန်ယူအသင်းဟာ ၃၆ မိနစ်မှာ ဂဗာဒီယိုရဲ့ ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရပေမဲ့ ပွဲပြီးခါနီး ၈၈ မိနစ်နဲ့ မိနစ် ၉၀ တွေမှ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့တာပါ။

အသင်းသားတွေရဲ့ စွမ်းဆောင်ရည်က မယုံကြည်နိုင်လောက်အောင် ထူးချွန်ပြီး ခက်ခဲတဲ့ပွဲ ဖြစ်ခဲ့ပေမဲ့ အနိုင်ရလဒ်နဲ့ ထိုက်တန်ကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။

ပွဲပြီးခါနီးတွေမှာ ဂိုးတွေသွင်းယူနိုင်ခဲ့တဲ့အပေါ် မန်ယူအသင်းမှာ “ဖာဂီတိုင်းမ်” ဆိုတာရှိကြောင်း၊ ယူနိုက်တက်အသင်းနဲ့ ပရိသတ်တွေအတွက် အခုလို နိုင်ပွဲတွေလိုအပ်ကြောင်း နည်းပြအာမိုရင်က ပြောသွားပါတယ်။
DVB

image