ရွှေအလေးချိန် တစ်ပြေးညီ စတင် ပြောင်းလဲကျင့်သုံးရန် စီစဉ်န

ဒီဇင်ဘာ ၁၆

အရေးကြီးကုန်စည်ဝန်ဆောင်မူဥပဒေပါရှိသည့် အလေးချိန် စံချိန်စံညွှန်းသတ်မှတ်ချက်တွေအရ ရွှေအလေးချိန် တွေ တစ်ပြေးညီပြောင်းလဲကျင့်သုံးရန် စီစဉ်နေကြောင်း ဓါတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီမှ သိရသည်။

စံချိန်စံညွှန်းသတ်မှတ်ချက်အရ မြန်မာနိုင်ငံတဝှမ်းတွင် ယခင် အသုံးပြုနေသည့် အလေးချိန်သတ်မှတ်ချက် တစ်ကျပ်သားလျှင် (၁၆ ဒဿမ ၆)ဂရမ်အစား ၊ (၁၆ ဒဿမ ၃၃) ဂရမ်အလေးချိန်ကို ရွှေချိန်စက်များတွင် တပြေးညီပြောင်းလဲသုံးရန်စီစဉ်နေခြင်းဖြစ်သည်။‌‌

“ရွှေချိန်တဲ့နေရာတွေမှာ ကျပ်၊ ပဲ၊ ရွေး ပြန်တွက်တဲ့အချိန်အရင်တုန်းကတော့ ၁၆ ဒဿမ ၆ တွက်တော့ စက်တွေမှာ မန်မိုရီတွေ သွင်းထားတာရှိတာပေါ့။ အခုကျတော့ ၁၆ ဒဿမ ၃၃ ကျ မန်မိုရီက မသွင်းရသေးဘူး။ မသွင်းရသေး တာတွေ တချို့ရှိတယ်။ တစ်ချို့လည်း သွင်းပြီးတာတွေ ရှိတယ်။ အဲဒီအတွက် မသွင်းရသေးတာတွေကိုပြုပြင်ရ မယ်။ သွင်းပြီးသားအသစ်တွေကို ဝယ်ပြီးတော့ ပြုပြင်မယ်ဆိုရင် သူတို့အတွက် အဆင်ပြေတာပေါ့။ အဲဒါကို အမြန်ဆုံးကျင့်သုံးဖို့အတွက် လမ်းညွှန်ထားတာရှိတယ်။ ရွှေဆိုင်တွေကလည်း ဒါကိုပြောင်းလဲကျင့်သုံးဖို့ လိုပါတယ်" လို့ ဓာတ်သတ္တု( ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ၏ တာဝန်ရှိသူ ဦးကြည်စိန် ကပြောသည်။

ရွှေအလေးချိန်နှင့်ပတ်သက်ပြီး တစ်ပြေးညီ အသုံးပြုနိုင်ရန်လုပ်ဆောင်နေချိန်၌ ပြောင်းပြီးသား ချိန်ခွင်တွေ လိုအပ်လို့ဖြစ်စေ၊ မပြောင်းရသေးတာကို ပြောင်းချင်လို့ဖြစ်စေ လိုအပ်ချက်တွေကို ပြုလုပ်ပေးနိုင်ဖို့ သက်ဆိုင်ရာ ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

အလေးချိန်စံချိန်၊ စံညွှန်းသတ်မှတ်ချက်တွေကို တစ်လအတွင်းမှာ တစ်ပြေးညီပြောင်းလဲသွားနိုင်ဖို့ ပြင်ဆင်သွားမှာ ဖြစ်လို့ လာမယ့် ၂၀၂၅ နှစ်ဆန်းပိုင်းဝန်းကျင်လောက်ကစပြီး စတင်ဆောင်ရွက်နိုင်ဖို့ ခန့်မှန်းထားကြောင်း ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီရဲ့ပြောကြားချက်များအရ သိရသည်။

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image