ဖားကန့်မြို့တွင် ရေကူးသင်ပေးရင်း ဦးလေးနှင့် တူမဖြစ်သူတို့ ရေနစ်သေဆုံး

နေပြည်တော်၊ ဒီဇင်ဘာ ၁၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ပြည်သူ့ဆေးရုံအနောက်ဘက်၊ ဥတုချောင်းတွင် ရေကူးသင်ပေးရင်း ဦးလေးနှင့် တူမဖြစ်သူတို့ ရေနစ်သေဆုံးသွားကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၅ ရက် နေ့လည် ၂ နာရီခန့်တွင် ဥတုချောင်းတွင် ကလေးတစ်ဦးနှင့် လူကြီးတစ်ဦး ရေနစ်သေဆုံးကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူများသွားရောက်၍ ရှာဖွေရာ ညနေ ၄ နာရီအချိန်တွင် ရေကူးသင်ပေးသည့် ဦးလေးဖြစ်သူ၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

“ဦးလေးက တူမကို ရေကူးသင်ပေးတာ။ အဲ့ချောင်းက သိပ်အနစ်ကြီးတော့မဟုတ်ဘူး။ သူတို့ရေကူးသင်တဲ့ နေရာကတော့ နည်းနည်းနစ်တယ်။ တစ်ခြားနေရာကတော့ သိပ်မနစ်ဘူး။ အဲ့ချောင်းက ရေစီးလည်း သန်တော့ အဲ့မှာမြောသွားတာ။ ဦးလေးရဲ့အလောင်းကိုတော့ ရေကူးသင်တဲ့နေရာရဲ့ ဝါးတစ်ပြန်လောက်မှာရှိတဲ့ ဒိုက် တွေနေရာမှာ တွေ့တယ်။ ကလေးမလေးကိုတော့ ဒီနေ့အလောင်းရှာနေတယ်” လို့ မြန်မာနိုင်ငံလူမှုက ယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

ထိုရေကူးသင်ပေးသူ ဦးလေးဖြစ်သူမှာ အသက် (၃၈) နှစ်အရွယ် ကိုအားကြူ၏ ရုပ်အလောင်းကို ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ပြီး၊ ၎င်း၏တူမဖြစ်သူအသက်(၁၁) နှစ်အရွယ် မစံရတိဖြိုး၏ ရုပ်အလောင်းကို ယနေ့ဒီဇင်ဘာလ ၁၆ ရက်တွင် ရှာဖွေနေကြောင်း သိရသည်။

Photo - Credit

#centralnewsnaypyitaw

image