30 ပတ် - ဘာသာပြန်ပါ။

ဒေါ်လာ ၄၀၀ ဘီလီယမ်ကျော် ချမ်းသာတဲ့ ကမ္ဘာ့ ပထမဆုံး လူသား ဖြစ်လာတဲ့ Elon Musk
===================================================
Elon Musk ဟာ ကမ္ဘာ့ အချမ်းသာဆုံး လူသား ဘွဲ့ကို သိမ်းပိုက်ထားတာနဲ့တင် အားမရသေးပါဘူး။ အခုတော့ သူဟာ ဒေါ်လာ ၄၀၀ ဘီလီယမ်ကျော် ချမ်းသာတဲ့ ကမ္ဘာ့ ပထမဆုံး လူသား ဘွဲ့ကို ရသွားပါတယ်။ Bloomberg ဘီလီယမ်နာ အညွှန်းကိန်းအရ Elon Musk ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ ၄၄၀ ဘီလီယမ် ဖြစ်လာပါတယ်။
မကြာခင်က SpaceX ရဲ့ ရှယ်ယာတန်ဖိုး မြင့်တက်မှုကြောင့် ကုမ္ပဏီ တန်ဖိုးဟာ ဒေါ်လာ ၃၅၀ ဘီလီယမ် ဖြစ်လာပြီး Musk ရဲ့ ချမ်းသာမှုဟာ ဒေါ်လာ ၅၀ ဘီလီယမ် တိုးလာပါတယ်။
Tesla ရဲ့ စတော့ ရှယ်ယာ ဈေးနှုန်းဟာ ၄၁၅ ဒေါ်လာနဲ့ သမိုင်းတစ်လျှောက် အမြင့်မားဆုံး ဖြစ်လာပါတယ်။ Musk ရဲ့ ချမ်းသာမှုထဲမှာ မကြာခင်က တန်ဖိုး ဒေါ်လာ ၅၀ ဘီလီယမ် မြင့်တက်ခဲ့တဲ့ xAI AI Company လည်း ပါဝင်ပါတယ်။
အခုဆိုရင် Musk ဟာ Microsoft တည်ထောင်သူ Bill Gates နဲ့ Amazon သူဌေး Jeff Bezos တို့ ၂ ယောက်ပေါင်းထက် ပိုချမ်းသာလာပါတယ်။
Ref : Technology Innovation

image