♨️ ချဥ်ချဥ်စပ်စပ်လေးနဲ့ ထမင်းမိန်စေတဲ့ မျှစ်ချဉ်ကြော်♨️
ပါဝင်ပစ္စည်း
◾မျှစ်ချဉ်၊ ပုဇွန်ခြောက်၊ ငပိစိမ်းသား
◾ငရုပ်သီးအကြမ်းဖက်၊ ကြက်သွန်ဖြူ/နီ
◾ဆား၊ အချိုမှုန့်၊ ဆီ၊ နနွင်း၊ အရောင်တင်မှုန့်။
⬛ မျှစ်ချဉ်ကိုရေတစ်ထပ်ဆေးပြီး အနေတော်တုံးထားပါ။ မျှစ်ချဉ်ကို ဆား၊ အချိုမှုန့်ထည့်နယ်ထားပါ။ ကြက်သွန်ဖြူ/နီ ဆီသတ်ပါ။ နနွင်းမှုန့်၊ ဆား၊ အချိုမှုန့် ထည့်ပြီး ကြက်သွန်ရဲလာပါက အရောင်တင်မှုန့်နဲ့ ငရုပ်သီးအကြမ်းဖက် ထည့်မွှေပါ။ ပြီးလျှင် ပုဇွန်ခြောက်နဲ့ ငပိစိမ်းသားရေဖျော်ထည့်ပါ။ မျှစ်ချဉ်တွေထည့်ပြီးဆီပြန်အောင်လုံးပါ။ ဆီပြန်သွားပါကရေထည့်ပြီး မျှစ်ချဉ်နူးတဲ့ထိတည်ထားပါ။ ဆီပြန်ပြီးမျှစ်ချဉ်နူးပြီဆိုရင် သုံးဆောင်နိုင်ပါပြီ။
