21 ပတ် - ဘာသာပြန်ပါ။

ချန်ပီယံပြေးလမ်းကြောင်းထဲ ဝင်ရောက်လာသူ သို့မဟုတ် ချယ်လ်ဆီး

ဒီဇင်ဘာ ၁၅

ချယ်လ်ဆီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ စပါးအသင်းကို ၂ ဂိုးပြတ် အရှုံးကနေ အနိုင်ရအောင် ကစားနိုင်ခဲ့ပြီးနောက် ချန်ပီယံဆုအတွက် ပြေးလမ်းကြောင်းထဲ ဝင်ရောက်လာပြီလို့ ပြောလို့ရတဲ့ အနေအထားကို ရောက်ရှိလာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ထိပ်ဆုံးနေရာက လီဗာပူးလ်အသင်းနဲ့ အမှတ်ကွာဟချက်ရှိပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲစလုံး အနိုင်ရပြီး အနီးကပ် ဖိအားပေးနေတာပါ။

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာကတော့ အသင်းဟာ ချန်ပီယံဆုအတွက် ပြိုင်ဆိုင်ဖို့ အဆင်သင့် မဖြစ် သေးဘူးလို့ အကြိမ်ကြိမ် ပြောနေတာ ဖြစ်ပါတယ်။

ပုံ - ချယ်လ်ဆီးအသင်းသားတွေကို တွေ့ရစဉ်

#centralnewsnaypyitaw

image