ရုရှားတပ်ဖွဲ့များသည် ယူကရိန်းနိုင်ငံ အရှေ့ဘက်ရှိ မဟာဗျူဟာကျသော Pokrovsk မြို့သို့ ဦးတည်ချီတက်လျက်ရှိ။
တောင်ပိုင်းမှ ချီတက်လာသောရုရှားတပ် များ သည် ယူကရိန်းနိုင်ငံ Pokrovsk မြို့အပြင်ဘက် ၁.၅ ကီလိုမီတာ (၁ မိုင်) သာကွာဝေးပြီး အထူးတပ်ဖွဲ့အချို့သည် လမ်းနှင့် ရထားလမ်း အချက်အချာနေရာသို့ပင် ဝင်ရောက်လာခဲ့ကြောင်း ရုရှားဘက်တော်သား စစ်ဘလော့ဂါများက သောကြာနေ့တွင် ပြောကြားခဲ့သည်။
