21 ပတ် - ဘာသာပြန်ပါ။

❝အိန္ဒိယအစိုးရက မြန်မာနိုင်ငံကို ပေးပို့ကူညီသည့် ဆန် မက်ဒရစ်တန်ချိန် ၂၂၀၀ ယနေ့ လွှဲပြောင်းပေးအပ်❞

ဒီဇင်ဘာ ၁၃

အိန္ဒိယအစိုးရက လူသားချင်းဆိုင်ရာစာနာမှုအကူအညီအဖြစ် မြန်မာနိုင်ငံသို့ပေးပို့သည့် ဆန် မက်ဒရစ်တန်ချိန် ၂၂၀၀ ကို ယနေ့ ဒီဇင်ဘာ ၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။

ကွန်တိန်နာ ၈၆ လုံးပါသင်္ဘာဖြင့် ပို့ဆောင်ပေးခဲ့သော အဆိုပါ အိန္ဒိယဆန်ဖြူ မက်ထရစ်တန်ချိန် ၂၂၀၀ သည် အကူအညီလိုအပ်သည့် မြန်မာနိုင်ငံပြည်သူ ၁၄၀,၀၀၀ ခန့်ကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရပြီး ယင်းဆန်များကို ရန်ကုန်ဆိပ်ကမ်း၌ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

ချန်နိုင်းဆိပ်ကမ်းမှတစ်ဆင့် ပေးပို့ခဲ့သည့် ထိုဆန်များသည် အိန္ဒိယအစိုးရ၏ အရှေ့မျှော်မူဝါဒနှင့် အိမ်နီးချင်းနိုင်ငံများကို ပထမ ဦးစားပေးမူဝါဒအရ လူသားချင်းဆိုင်ရာစာနာမှုအကူအညီအဖြစ် ပေးပို့ခြင်းဖြစ်ကြောင်း အိန္ဒိယသံရုံးက ထုတ်ပြန်ထားသလို အဆိုပါ ဆန်တန်ချိန် ၂၂၀၀ က ကလေးများ၊ အမျိုးသမီးများ၊ လူငယ်၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအပါအဝင် စားဝတ်နေရေးခက်ခဲနေသူများအတွက် အကူအညီဖြစ်စေမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

#centralnewsnaypyitaw

image
image
image