ပြည်ပရောက် အလုပ်သမားများ၏ လွှဲပို့ငွေနှင့်ပတ်သက်၍ အလုပ်အကိုင်အေဂျင်စီ ၄၀၀ ကျော်ကို စစ်ဆေးသွားမည်

ဒီဇင်ဘာ ၁၁

ပြည်ပရောက် မြန်မာလုပ်သားများ၏ မိသားစုထံလွှဲပို့ငွေနှင့်ပတ်သက်၍ ပြည်ပအလုပ်အကိုင် အေဂျင်စီ ၄၀၀ ကျော်ကို စစ်ဆေးသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

ပြီးခဲ့သည့် မေလမှ သြဂုတ်လအတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ ၄၂၉ ခုတို့က အလုပ်သမားပေ့င်း ၅၆၈၆၀ ဦးစေလွှတ်ခဲ့ပြီး ယင်းအလုပ်သမား၏ မိသားစုထံ ငွေလွှဲပို့မူအခြေအနေနှင့် အထောက်အထားများကို စီစစ်သွားမှာဖြစ်သည်ဟုဆိုသည်။

အဆိုပါစိစစ်မှု ဒီဇင်ဘာ ၁၆ ရက်မှစတင်ကာ တစ်ရက်လျှင် အေဂျင်စီ ၅၀ ခုစီ စစ်ဆေးသွားမှာဖြစ်ပြီး ရက်အလိုက်စစ်ဆေးခံရမည့် အေဂျင်စီများ၏ အမည်စာရင်းကိုလည်း ကြေညာထားသည်ဟု သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image