စမ်းချောင်းမြို့တွင် လူနေအိမ်တိုက်ခန်းမီးလောင်ရာ အိမ်ရှင်အမျိုးသားတစ်ဦး သေဆုံး

နေပြည်တော်၊ ဒီဇင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ သီရိမင်္ဂလာလမ်းရှိ လူနေအိမ်တိုက်ခန်းမီးလောင်ရာ အိမ်ရှင်အမျိုးသားတစ်ဦး မီးလောင်၍ သေဆုံးသွားကြောင်း သိရသည်။

ယနေ့ဒီဇင်ဘာလ ၇ ရက် နံနက် ၃ နာရီ ၈ မိနစ်အချိန်တွင် နေအိမ်မီးလောင်ကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ အနောက်ပိုင်းခရိုင်မီးသတ်စခန်း၊ အလုံမြို့နယ်မီးသတ်စန်း၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်အုပ်စုများနှင့်အတူ စမ်းချောင်းအရန်မီးသတ်မှ ရေထိုင်(မီးသတ်စက်တင်ယာဉ်) ထွက်ခွာရာ ထိုအနီး အနားရှိ ကံမြင့်ကျောင်းတိုက်ငါးကန်မှ ရေယူ၍ မီးငြိမ်းသတ်ခဲ့ကြောင်း စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။

“မိဘတွေမရှိခင် မီးလောင်တာ။ အိမ်ရှင်အမျိုးသားတစ်ယောက်ကတော့ မီးလောင်ပြီး သေသွားတယ်” လို့ မြေပြင်အားမီးသွားရောက်ငြိမ်းသတ်သည့် စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ ဖြေကြား သည်။

အဆိုပါ တိုက်ခန်းမီးလောင်မှုကြောင့် သေဆုံးသည့်အမျိုးသားမှာ အသက် ၃၀ ဝန်းကျင်ရှိကြောင်း၊ ထိုမီးလောင်မှုနှင့် ပတ်သက်ပြီး လက်ရှိအချိန်တွင် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

Photo - Credit

#centralnewsnaypyitaw

imageimage