22 w - Translate

အခွန်ပုန်း၊ အခွန်ရှောင်များကို ထိထိရောက်ရောက်ဖော်ထုတ်ကောက်ခံရန် ပဲခူးတိုင်းဝန်ကြီးချုပ်မှာကြား

အခွန်ပုန်း၊ အခွန်ရှောင်များကို ထိထိရောက်ရောက်ဖော်ထုတ်ကောက်ခံရန် ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ယနေ့ ဒီဇင်ဘာ ၅ ရက်နံနက်ပိုင်းကကျင်းပသည့် ပဲခူးတိုင်းအတွင်း အခွန်အရပ်ရပ်တိုးတက်ကောက်ခံရရှိရေးနှင့် ပြေစာအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ဆောင်ရွက်ရမည့်လုပ်ငန်းများမှ အခွန်တိုးတက်ကောက်ခံရရှိရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မှာကြားခဲ့ခြင်းဖြစ်သည်။

အခွန်ကောက်ခံရရှိမှုသည် ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများကိုပိုမိုဆောင်ရွက်ပုံဖော်နိုင်၍ ရသင့်ရထိုက်သည့်အခွန်များ အပြည့်အဝကောက်ခံရရှိရေး၊ အခွန်ထမ်းပြည်သူများအတွက် အခွန်ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးနှင့် ညီညွှတ်မျှတသော အခွန်အခများရရှိရေးတို့မှာ အလွန်အရေးကြီးသည်ဟု ပြောသည်။

" ဒါ့ကြောင့် အခွန်ပုန်း၊ အခွန်ရှောင်တွေကို ထိထိရောက်ရောက်ဖော်ထုတ်ပြီး ကောက်ခံသွားရပါမယ်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှာ အခွန်အ ရပ်ရပ်ကောက်ခံဖို့ အခွန်အမျိုးအစား(၅)မျိုးရဲ့ မူလလျာထားချက်အပေါ် (၈၁)ရာခိုင်နှုန်း ကောက်ခံရရှိထားပြီးဖြစ်တာကြောင့် ကျန်ရှိတဲ့လတွေမှာ လျာထားချက်ပြည့်မီကျော်လွန်အောင်ကြိုးစားကောက်ခံသွားကြစေလိုပါတယ်" ဟု တိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းကပြောသည်။

ထို့ပြင် အခွန်ဆောင်သည့် ယဉ်ကျေးမှုတစ်ရပ် ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးနှင့် မြို့နယ်အခွန်ဦးစီးမှူးများမှ တိုင်းအတွင်း ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများ၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာလုပ်ဆောင်ပေးနိုင်ရန် အခွန်အရပ်ရပ်တိုးတက်ကောက်ခံရရှိရေးနှင့် ပြေစာအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ဆောင်ရွက်ရမည့်လုပ်ငန်းများမှ အခွန်တိုးတက်ကောက်ခံရရှိရေး ကြိုးစားဆောင်ရွက်ပေးကြစေလိုသည်ဟုလည်း တိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက တိုက်တွန်းမှာကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူများက ပဲခူးတိုင်းအတွင်း ဆောင်ရွက်လျက်ရှိသည့်၊ ဆက်လက်ဆောင် ရွက်မည့် အခွန်ကိစ္စများနှင့်ပတ်သက်၍ ရှင်း လင်းတင်ပြခဲ့ကြသည်။

image