2 နှစ်များ - ဘာသာပြန်ပါ။

FA Cup တတိယအဆင့်မှာ EPL အသင်းကြီးနှစ်သင်းဆုံ

မကြာသေးခင်ကပဲ FA Cup အတွက် တတိယအဆင့်ပွဲစဉ်တွေကို မဲခွဲရွေးချယ်ခဲ့ပါတယ်။ လီဗာပူးနဲ့မန်စီးတီးတို့ကတော့ ပွဲချောင်နေပြီး၊ FA ဖလားအများဆုံးသိမ်းပိုက်ထားတဲ့ အာဆင်နယ်နဲ့မန်ယူတို့ကတော့ ဒီအဆင့်မှာပဲ ထိပ်တိုက်တွေ့ဆုံနေပါတယ်။ အာဆင်နယ်ဟာ FA ဖလား(၁၄)ကြိမ်အထိ စံချိန်တင်ဆွတ်ခူးထားပြီး၊ မန်ယူကတော့ (၁၃)ကြိမ်ရရှိထားပါတယ်။

လာမယ့်နှစ် ဇန်နဝါရီ(၁၁)ရက်မှာ မန်ယူဟာ အာဆင်နယ်အိမ်ကွင်းကိုသွားပြီး ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ တစ်ဖက်မှာတော့ ပြိုင်ဘက်မန်စီးတီးအသင်းဟာ ခြေစွမ်းပိုင်းအဆင့်ကွာတဲ့ လိဂ်(၂)ကလပ် ဆဲလ်ဖို့စီးတီးကို အိမ်ကွင်းမှာဧည့်ခံကစားရမှာဖြစ်ပြီး၊ လီဗာပူးကလည်း အိမ်ကွင်းမှာ လိဂ်(၂)ကလပ် အက္ကရင်တန်စတန်လေအသင်းနဲ့ ရင်ဆိုင်ရမှာပါ။

အခြားပရီးမီယားလိဂ်ထိပ်သီးအသင်းတွေဖြစ်တဲ့ ချယ်လ်ဆီး၊ စပါး၊ စတဲ့အသင်းတွေကလည်း ပွဲချောင်နေတာကိုတွေ့ရပါတယ်။

image