သူရဲကောင်း စစ်သည်များအတွက် အောက်မေ့ဖွယ်ဂါရဝပြုဆုတောင်းပွဲနှင့် အလေးပြုခြင်း အခမ်းအနား ကျင်းပပြုလုပ်
ဒီဇင်ဘာလ ၂
ခေတ်အဆက်ဆက်မှ သူရဲကောင်းစစ်သည်များအား အောက် မေ့ဖွယ် ဂါရဝပြု ဆုတောင်းပွဲနှင့် အလေးပြုခြင်းအခမ်းအနားကို (၁၁) ကြိမ်မြောက်အဖြစ် ဒီဇင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ သူရဲကောင်း ဗိမာန်(နေပြည်တော်)၌ကျင်းပပြုလုပ်ပါတယ်။
အဆိုပါဂါရဝပြုဆုတောင်းပွဲအခမ်းအနားသို့ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့ဝင် များ၊ နိုင်ငံရေး ပါတီများမှ ပါတီခေါင်းဆောင်များ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဝင် များ၊ ရောင်နီ ဦးနှင့်မိတ်ဆွေများပရဟိတအသင်း၊ ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတ အသင်းနှင့် တပ်မတော်ကိုချစ်မြတ်နိုးသူ များ တက်ရောက်ကြပါတယ်။
ဦးစွာ အောက်မေ့ဖွယ် ဂါရဝပြုဆုတောင်းပွဲနှင့် အလေးပြုခြင်း အခမ်းအနား ကို တက်ရောက်လာကြသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နိုင်ငံတော်သီချင်း သီဆိုခြင်း၊ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ခေတ်အဆက် ဆက်က တိုင်းပြည် အတွက် အသက်ပေးလှူသွားကြသည့် သူရဲကောင်းစစ်သည်များအား အလေးပြု ခြင်း၊ သစ္စာအဓိဋ္ဌာန်(၄)ချက်ရွတ်ဆိုခြင်းတို့ကို ဆောင်ရွက်ပါတယ်။ထို့နောက် တိုင်းပြည်အတွက် အသက်ပေးလှူ သွားခဲ့ကြသည့် သူရဲကောင်းစစ်သည်များအားရည်စူး၍ ဝမ်းနည်းခြင်းအထိမ်းအမှတ် ၂ မိနစ်ငြိမ်သက်ခြင်း၊ သူရဲကောင်းစစ်သည် များ မြင့်မြတ်သော ကောင်းမွန်ရာဘုံဘဝရောက်ရှိစေရန် မိုးပျံပူဖောင်းများ လွှတ် တင် ခြင်း၊ ထာဝရငြိမ်းချမ်းရေးရရှိစေရန်ရည်မှန်း၍ အထိမ်းအမှတ် ချိုးဖြူငှက်များ လွှတ်ခြင်းတို့ကို ဆောင်ရွက်ကြ ပါတယ်။
ယင်းနောက် တက်ရောက်လာကြသူများက တိုင်းပြည်အတွက် အသက်ပေး လှူသွားသောသူရဲကောင်းစစ် သည် များအတွက် ဂုဏ်ပြုပန်းခြင်းများဖြင့် ဂါရဝပြုခြင်းကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြပါတယ်။
ထို့ပြင် ယနေ့နံနက်ပိုင်းတွင်လည်း သူရဲကောင်းစစ်သည်များအား ရည်စူး၍ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာ အုပ်စု၊ ပေါက်တောကျေးရွာ၊ သဒ္ဓါရုံကျောင်းတိုက်၌ သံဃာတော်များအား အရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်း များလှူဒါန်း၍ ရေစက် သွန်းချ အမျှပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
Credit - MMG News Agency
#သတင်းဟင်းလေးအိုးကြီး


