24 ပတ် - ဘာသာပြန်ပါ။

Gluta ကို ထိထိမိမိနဲ့ ကောင်းကောင်းလေးသောက်ချင်တဲ့သူအတွက်💡
BB LAB GLUTATHIONE MAX~ review
Gluta ကို အချိန်တိုအတွင်းသိသာအောင် သောက်ချင်တဲ့သူတွေအတွက် Nyi ဒီနေ့ review လေးရေးပေးချင်ပါတယ်။
Nyi စမ်းသောက်နေတာ 2ပတ်ရှိပြီဖြစ်တဲ့ Gluta supplement လေးပေါ့နော်။ 2ပတ်ပဲသောက်ပြီး review ရေးသလားလို့တော့ အထင်မလွဲစေချင်ပါဘူး။ ဘာလို့လဲဆိုရင် Nyi က ဘယ် supplement ကိုမဆို အနည်းဆုံးတလသောက်ကြည့်ပြီးမှ review ရေးလေ့ရှိတဲ့သူမလို့ပါ။ သူများတွေတော့မသိဘူး Nyi အတွက်ကတော့ ကိုယ်တိုင်လဲဆရာဝန်တယောက်ဖြစ်တဲ့အတွက် အသားပေါ်မှာလိမ်းတဲ့ cosmetics ထက် ဗိုက်ထဲကိုထည့်မယ့် supplement က ပိုပြီးတာဝန်ကြီးပါတယ်။ ဒါကြောင့် သူများကိုမညွှန်ခင် ကိုယ်တိုင်အနည်းဆုံးတလလောက် try ပြီးမှ review sharing လုပ်တယ်ပေါ့နော်။
နောက်တခု အသားအရေအလှအပနဲ့ပတ်သက်လို့ Nyi မှာချင်တာက overdose, overuse မလုပ်ဖို့ပါ။ ဒါတွေဟာ long term maintenance နဲ့သွားရမှာဖြစ်ပြီး ရေရှည်ထိန်းသိမ်းမှုမရှိရင်လဲ ခဏလေးနဲ့ နဂိုအခြေအနေကို ပြန်ရောက်သွားမှာပါပဲ။ ဒါဟာ ဒီပစ္စည်းကိုပဲ ဆက်မလိမ်းလို့ ဖြတ်လိုက်လို့မဟုတ်သလို ဒီပစ္စည်းရဲ့ side effects ကြောင့်လဲမဟုတ်ပါဘူးနော်။ တခုတော့ရှိတယ်၊ ကိုယ်သုံးတဲ့ပစ္စည်းက အာမခံချက်ရှိပြီး အရည်အသွေးပြည့်မှီတဲ့ ပစ္စည်းမျိုးတော့ ဖြစ်ရဦးမယ်ပေါ့။
အဲ့လိုမျိုး စိတ်ချရတဲ့ Global Quality, Reputation ကောင်းမွန်တဲ့ BB LAB က Glutathione MAX လေးအကြောင်းကို Nyi ပြောပြသွားမှာပါ။ Nyi 2ပတ်ပဲသောက်ကြည့်ပြီး sharing လုပ်ရတဲ့ reason က သူ့တဗူးမှာ 15ထုပ်သာပါဝင်ပြီး BB LAB ကနေ claim လုပ်ထားပုံအရလဲ 2ပတ်အတွင်း အသားအရေဖြူဝင်းဖို့ ထောက်ခံထားပါတယ်။
သူက တခါသောက်စာ အမှုန့်ထုပ်လေးတွေနဲ့ လာတာဖြစ်လို့ သောက်ရတာလွယ်ကူရိုးရှင်းပြီး ဝန်မပိုဘူးပေါ့နော်။ အထုပ်လေးကို လက်နဲ့ပဲအလွယ်တကူဖွင့်ဖောက်နိုင်တဲ့အပြင် ဒီအတိုင်းဝါးစားလို့လဲရ ရေနဲ့ဖျော်သောက်လို့လဲ ရပါတယ်။ သူ့အရသာက ကွေကာအုပ်အမှုန့်လေး ဝါးစားရသလိုပဲ။ အရသာဆိုးဖို့နေနေသာသာ ကိုယ်လိုကြီးကောင်ကြီးမားအတွက် ကောင်းလွန်းလို့ခက်နေတယ်။ လူကြားထဲထုတ်သောက်ပြီး ရှိုးပြလို့လဲလှ၊ အလုပ်များတဲ့သူအတွက် အိတ်ထဲအလွယ်တကူဆောင်ထားလို့လဲ လွယ်ပါတယ်။
Nyi ခုသောက်ကြည့်ထားသလောက်ဆိုရင် သူ့ရဲ့အာနိသင်ထိရောက်မှုက တော်တော်လေး intensive ဖြစ်တယ် ဒါပေမဲ့ သောက်ရတဲ့ experience ကတော့ အဲ့ဒါရဲ့ဆန့်ကျင်ဘက်ပဲ။ ကလေးမုန့်လေးစားရသလို feeling နဲ့ အသားအရေဖြူဝင်းဖို့ အရမ်းထိရောက်တာ unmatchable! သူ့ 2ပတ်သောက်တဲ့ရလဒ်က သူများတလခွဲရလဒ်ထက် ထင်ရှားကောင်းမွန်နေတယ်။ Supplement သောက်နေလို့ဆိုပြီး ထောက်ပြစရာဘေးထွက်ဆိုးကျိုးတစုံတရာလဲ မကြုံရပါဘူး။ အသားဖြူပြီး skin tone တွေညီလာမှသာ ဪ ငါ ဒါသောက်နေလို့ပါလားလို့ သတိရစေတယ်။
ပြောရရင် Global မှာပါ ဖြန့်ဖြူးပြီး Good reviews တွေပြည့်နက်နေတဲ့ Gluta supplement ဆိုတော့ Nyi အနေနဲ့လဲ စိတ်ချယုံကြည်မှုက အပြည့်ပါပဲ။ တကယ်တော့လေ Nyi က ဒီ Gluta လေးသောက်နေတုံးကို အိမ်အပြောင်းအရွှေ့နဲ့ မျက်နှာကလွဲပြီး တကိုယ်လုံးကို sunscreen လိမ်းဖို့တောင်မအားတော့ အသားအရေက အရမ်းမဲသွားမယ်မျှော်လင့်ထားပေမယ့် သူကယ်လို့နေမယ် မဲသွားတာမျိုးမဖြစ်လိုက်ဘူး။
ဒါပေမဲ့ Gluta ကို တနေ့တာသောက်သုံးနိုင်တဲ့ အများဆုံးပမာဏ 2000mg ထည့်သွင်းထားလို့ အလွန်အကြွံမသောက်ဖို့ Nyi အသေအချာမှာချင်ပါတယ်။ တဗူးသောက်ပြီး 2ပတ်နား သို့မဟုတ် တလသောက်ပြီး တလနားဖို့ suggest လုပ်တယ်နော်။ Gluta ချည်းသောက်ပြီး ထင်ရာစိုင်းလို့လဲမရပါဘူးခင်ဗျာ။ အသားဖြူဖို့အတွက် sunscreen လိမ်းဖို့က No.1 ပါနော်။ Gluta က No.2 ပါဗျ။
ဒီ BB LAB GLUTATHIONE MAX လေးကို Nyi က အသားမြန်မြန်ဖြူချင်တဲ့သူ၊ တခြား Gluta တံဆိပ်တွေနဲ့ မထိရောက်တဲ့သူ၊ စိတ်ချရပြီး premium ဆန်တဲ့ Gluta သောက်ချင်တဲ့သူတွေကို ညွှန်းပါတယ်။ အသက် 18နှစ်အောက်ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ ကျောက်ကပ် အသည်းအားနည်းတဲ့သူတွေ၊ နာတာရှည်ရောဂါဝေဒနာခံစားနေရတဲ့သူတွေကို လုံးဝလုံးဝမသောက်ဖို့ မှာချင်ပါတယ်ဗျ။ အကြောင်းတခုခုကြောင့် ဆရာဝန်နဲ့ပြနေရရင်လဲ သောက်သင့်မသောက်သင့် ဆရာဝန်ရဲ့ခွင့်ပြုချက်အရင်ယူဖို့ တိုက်တွန်းပါတယ်နော်။
Overall, Nyi အရမ်းသဘောကျမိတဲ့ BB LAB GLUTATHIONE MAX ပါဗျ။ Highly recommend လုပ်ပါတယ်နော်။ ဪ မေ့လို့… သူ့ထဲမှာ Collagen နဲ့ Vitamin C လဲပါပြီးသားမလို့ အခုနောက်ပိုင်းနာမည်ကြီးတဲ့ Slow Aging အတွက်လဲ အကျိုးရှိပါတယ်ခင်ဗျာ။
🛒 @BB LAB Myanmar ကနေ မှာယူနိုင်ပါတယ်။
#reviewbynyi #nyipick #nyipicksupplement
#crd

imageimage