24 ပတ် - ဘာသာပြန်ပါ။

ငလျင်လှုပ်ခတ်မှုများ ခပ်စိတ်စိတ်ဖြစ်ပေါ်လာသည့် မြန်မာနိုင်ငံ

ယခုလပိုင်းအတွင်း၌ မြန်မာနိုင်ငံတွင် ငလျင် လှုပ်ခတ်မှုများခပ်စိတ်စိတ်ဖြစ်ပေါ်လျက်ရှိရာ ယနေ့ ဒီဇင်ဘာ ၁ ရက်တွင်လည်း ကြံခင်းမြို့အားဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင် လှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။

ယနေ့ မွန်းလွဲ ၂ နာရီ ၂၇ မိနစ် ၄၄ စက္ကန့်ခန့်က ကြံခင်းမြို့၏ အနောက်-အနောက်မြောက်ဘက် (၄)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ်(၁၈ ဒသမ ၃၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၅ ဒသမ ၁၉) ဒီဂရီ၊ အနက်(၅၀)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုအား ပဲခူးတိုင်း၊ တောင်ငူမြေငလျင်စခန်းမှ တိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း မိုးဇလထံမှ သိရသည်။

ထိုသို့ ငလျင်များခပ်စိတ်စိတ်လှုပ်ခတ်လာမှုကြောင့် တိုင်းနှင့်ပြည်နယ်အသီးသီးမှနေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် မိုးဇလပညာရှင်များက အကြံပြုပြောကြားထားသည်။

image