24 ပတ် - ဘာသာပြန်ပါ။

ထိုင်းနှင့် မလေးရှားတွင်ရေကြီး၍ ‌ေ-သဆုံးသူ ၁၂ ဦး ရှိလာ

ထိုင်းနိုင်ငံတောင်ပိုင်းနှင့် မလေးရှားနိုင်ငံမြောက်ပိုင်းတွင် ဆယ်စုနှစ်များအတွင်း အဆိုးဝါးဆုံးရေကြီးမှုများဖြစ်နေကာ စနေနေ့တွင် ‌ေ-သဆုံးသူ ၁၂ ဦးရှိ အထိရှိလာခဲ့သည်ဟု အာဏာပိုင်များက ပြောသည်။ ပြီးခဲ့သည့် သုံးရက်တာအတွင်း မြစ်ရေမြင့်တက်သဖြင့် လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာ သို့ ရွှေ့ပြောင်းပေးခဲ့ရသည်။

ထိုင်း နိုင်ငံတောင်ပိုင်းတွင် အိမ်ထောင်စုပေါင်း ၅၃၄,၀၀၀ နီးပါး ရေဘေးဒဏ်ခံခဲ့ရပြီး သောကြာနေ့အထိ ‌ေ-သဆုံးသူ လေးဦးသာရှိခဲ့ရာမှ စနေနေ့တွင် ၉ ဦးသို့ မြင့်တက်ခဲ့ကြောင်းနှင့် ရေဘေးသင့်ဧရိယာများတွင် ထူထောင်ထားသည့် ယာယီခိုလှုံရေးစခန်း ၂၀၀ တွင် လူထောင်နှင့်ချီ၍ နေရာချထားရကြောင်း သဘာဝဘေးတားဆီးလျှော့ချရေးဌာနက ပြောဆိုခဲ့သည်။

ဆွန်ခလာပြည်နယ် ချာနာခရိုင်တွင် နှစ်ပေါင်း ၅၀ အတွင်း အဆိုးဝါးဆုံး ရေကြီးမှုကို ကြုံတွေ့နေရကာ ရေနစ်မြုပ်နေသော နေအိမ်များမှ လူများကို ထရပ်ကားများဖြင့် သယ်ထုတ်ပေးခဲ့ရပုံကို ဗီဒီယိုဖိုင်တွင် တွေ့ရသည်။ စနေနေ့က ယာလာပြည်နယ် Sateng Nok ခရိုင်မှ အခြားဗီဒီယိုတစ်ခုတွင် ရေနစ်မြုပ်နေသည့် နေအိမ်ခေါင်မိုးပေါ်မှ ကလေ-းငယ်တစ်ဦးကို ကယ်ဆယ်ရေးသမားများက ခေါ်ဆောင်ပေးခဲ့သည်ကို တွေ့ရသည်။

ထိုင်းတောင်ပိုင်း ဧရိယာများစွာတွင် စနေနေ့တွင်လည်း မိုးသည်းထန်စွာဆက်လက် ရွာသွန်းနိုင်ပြီး ရေဘေးသင့်ဒေသများတွင်ထပ်မံ၍ ရေကြီးရေလျှံနိုင်သည်ဟု ထိုင်းနိုင်ငံ မိုးလေဝသဌာနက ပြောကြားခဲ့သည်။

အိမ်နီးချင်း မလေးရှားနိုင်ငံဘက်တွင်လည်း ပြည်နယ်ကိုးခုခန့်တွင် လူ ၁၃၉,၀၀၀ နီးပါးသည် ရေဘေးဒဏ်ခံခဲ့ရပြီး သောကြာနေ့မှစကာ ‌ေ-သဆုံးသူ သုံးဦးရှိလာသည်ဟု အမျိုးသားသဘာဝဘေးကွပ်ကဲရေးစင်တာက ပြောဆိုသည်။

မလေးရှားနိုင်ငံ ပြည်နယ်များစွာတွင် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံခဲ့မှုများကြောင့် အသက်အိုးအိမ်စည်းစိမ်များ ပျက်ဆီးဆုံးရှုံးခဲ့ရသည့် ညီနောင်မလေးရှားပြည်သူများအတွက် အလေးအနက်စာနာရပါကြောင်းကို ပါကစ္စတန်ပြည်သူများကိုယ်စား ဖော်ပြရပါသည်ဟု ပါကစ္စတန်ဝန်ကြီးချုပ် မူဟာမက် ရှာဘတ်ဇ် ရှာရစ်ဖ်က စနေနေ့တွင် ပြောဆိုခဲ့သည်။

image