24 w - Translate

- မနာလို မဖြစ်မိဘူး -

တစ်ယောက်ယောက်က ကိုယ့်ကို ငါဒီလောက်ပိုက်ဆံရှာနိုင်ပြီ၊ အမြင့်ဆုံးဖုန်းကို ကိုင်နေပြီ၊ ကားစီးနေရပြီ၊ ရည်းစားရနေပြီ၊ certificate ထက်ရပြီလို့ လာပြောပြရင် မနာလိုလည်း မဖြစ်ဘူး၊ အားကျတာလည်း မရှိဘူး။ သူတို့အတွက်တောင် ကိုယ်က congrats ဖြစ်နေမိတယ်...။

ငယ်ငယ်ကတည်းကပါပဲ...။
သူများကို မနာလိုမဖြစ်ခဲ့ဘူး။ သူငါ့ထက်သာတယ်၊ ငါ့ထက်အဆင့်မြင့်တယ်ဆိုတာလည်း မခံစားဖူးဘူး။ သူတို့နဲ့လည်း ယှဉ်ပြိုင်ချင်စိတ်လည်း မရှိဘူး...။ တချို့က အဲ့လိုခံစားရအောင် ကြိုးစားပေမယ့် အဲ့အတွက်ခံစားဖို့ မလိုအပ်ဘူးလို့ ထင်နေတတ်တယ်...။

စိတ်ရင်းနဲ့ပြောရမယ်ဆိုရင် သူတို့ရချင်တဲ့အရာက ကိုယ်လိုချင်နေတဲ့အရာ မဟုတ်နေဘူး...။ သူတို့ယှဉ်ချင်နေတဲ့အရာက ကိုယ့်ကိုဘာတုန်လှုပ်မှု မဖြစ်စေဘူး...။ ကိုယ်ရရမယ့်အရာက နှိုင်းယှဉ်ယူမှ ရမယ့်အရာ မဟုတ်လို့ပါပဲ...။ ကိုယ့်အတွက် သီးသန့်ရှိနေပြီးသား မလို့ပါ...။

ဒီလိုပြောလို့ မင်းကတိုးတက်ချင်စိတ်မရှိဘူးလို့ ထင်နေလိမ့်မယ်...။ ဒါပေမယ့် ကိုယ့်ဆီမှာ တိုးတက်ချင်စိတ်အပြည့်ကို ရှိတယ်...။ ကိုယ်လည်း ကိုယ်ရချင်တဲ့အရာကို ရယူနိုင်ဖို့ကို ကြိုးစားနေတယ်...။ အဲ့အတွက် လိုအပ်တဲ့အရည်အချင်းကို ဖြည့်ဆည်းနေတယ်...။ ကိုယ်ရချင်တဲ့အရာကို ကိုယ့်ရဲ့အရည်အချင်းနဲ့ သက်သေပြနေပြီးသားမို့ လာယှဉ်ပြရင်တောင် ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိပါတယ်...။

အမှန်တိုင်းဝန်ခံရရင် နှိုင်းယှဉ်စရာကို မလိုတာပါ...။ ကိုယ်ဆိုတဲ့ဖြစ်တည်မှုက သက်သေပြပြီးသားမို့ပါ...။ ပြီးတော့ တစ်ခုခုကိုရချင်တဲ့အခါ သူများကိုစိတ်အနှောက်အယှက်ဖြစ်စေပြီး ရချင်တဲ့သူမဟုတ်ပါဘူး။ ကိုယ့်အတွက်တော့ ကိုယ်ရချင်တဲ့အရာက ကိုယ်ဆီရောက်လာဖို့သာ အဓိကပါပဲ...။ သူများကို စိတ်ထိခိုက်စေပြီး ရလိုက်ရင် ဒါကိုယ့်ဟာမဟုတ်ဘူးလို့ ခံစားစေတဲ့သူမို့လို့ပါ...။

အကယ်လို့ လာကြွားရင် congratulations ပါလို့ပဲ ပြောချင်တယ်...။ တကယ်စိတ်ရင်းနဲ့ congrats တာပါ...။ ဒီအတွက်ခင်ဗျာဘယ်လောက်ကြိုးစားခဲ့လဲဆိုတဲ့ အသိအမှတ်ပြုချင်ရုံသက်သက်ပါပဲ...။ ဘာမနာလိုမှုတွေ၊ အားကျမှုတွေ မရှိပါဘူး...။ ဘာလို့ဆို ခင်ဗျာရနေတဲ့အရာက ကိုယ့်အတွက်အသုံးမဝင်လို့ပါ...။

အကယ်လို့ ရချင်တဲ့အရာတူလာခဲ့ရင်လည်း အဲ့အရာကို အရည်အချင်းပိုပြည့်တဲ့သူက ရတာပဲလို့ပဲ ခံစားမိမှာပါ...။ သို့မဟုတ်လည်း ကိုယ့်အတွက် ကောင်းတဲ့အရာက စောင့်နေတယ်လို့ပဲ ခံစားမိနေမှာပါ...။
ဒါက ကိုယ်ပါပဲ...။ ဘယ်သူ့ကိုမှ မနာလိုမဖြစ်မိပါဘူး။ ကိုယ့်ကိုမနာဖြစ်အောင်ဆိုပြီး လာမလုပ်ပြပါနဲ့...။ ဘာမှမခံစားရတဲ့အပြင် ရယ်ချင်လို့ပါ...။ လူတိုင်းမှာ ကိုယ်စီလှပ၊ ထူးခြားနေတာပါပဲ...။ မနာလိုစရာ ဘာအကြောင်းပြချက်မှ မရှိတာပါ...။

Sorry, it doesn’t work on me.

image