24 ပတ် - ဘာသာပြန်ပါ။

တန်ဖိုးကြီး ရှားပါးတဲ့ "ပင်လယ်သခွားသီး"။
(၆၃ ကျပ်သားကို တစ်ရာသုံးဆယ်ငါးသိန်းကျပ်ဝန်းကျင်ပါ။)
သခွားသီး တစ်ကီလိုဟာ သာမန်အားဖြင့် ၃ ဒေါ်လာလောက်သာ တန်ကြေးရှိပါတယ်။
ဒါပေမယ့် ပင်လယ်သခွားသီး (Sea cucumber) ကတော့ တစ်ကီလိုကို ဒေါ်လာ ၃,၀၀၀ အထက် တန်ကြေးရှိပါတယ်တဲ့။
(၆၃ ကျပ်သားကို တစ်ရာသုံးဆယ်ငါးသိန်းကျပ်ဝန်းကျင်ပါ။)
"ပင်လယ်သခွားသီး"လို့ ခေါ်‌ပေမယ့် ပင်လယ်ထဲမှာ သီးတဲ့ အသီးတော့မဟုတ်ပါဘူး။
ပင်လယ်သခွားသီးဟာ သက်ရှိ ဖြစ်ပါတယ်။
ပင်လယ်ရေအောက်ကြမ်းပြင်မှာ ရှင်သန်နေထိုင်ကြတဲ့ ကျောရိုးမဲ့ ရေနေသတ္တဝါတမျိုးပါ။
သခွားသီးနဲ့တူလို့ "ပင်လယ်သခွားသီး" လို့ ခေါ်ကြတာ ဖြစ်ပါတယ်။
ပင်လယ်သခွားသီး အကောင်လေးတွေဟာ ဈေးကွက်မှာ အလွန်တန်ဖိုးရှိတာကြောင့် လူတွေဟာ ‌အသဂာ်နဲ့ရင်းပြီး ရေငုပ်ရှာဖွေ ဖမ်းယူ‌ ရောင်းချကြပါတယ်။
ပင်လယ်သခွားသီး အကောင်လေးတွေဟာ အလွန်ထူးဆန်းတဲ့ တိရစ္ဆာန်တစ်မျိုးဖြစ်ပါတယ်။
သူတို့ရဲ့ ခန္ဓာကိုယ်ဟာ ရှည်မျောမျောလေးဖြစ်ပြီး အဖုအထစ်ပါတဲ့ အရေပြားရှိပါတယ်။
သူတို့မှာ ခြေလက်အင်္ဂါနဲ့ မျက်လုံးတွေ မပါရှိကြပါဘူး။ သူတို့ရဲ့ ခန္ဓာကိုယ် တခုလုံးမှာ ပါးစပ်နဲ့ စအိုပဲ ပါရှိပါတယ်တဲ့။
ပင်လယ်သခွားသီးအကောင် မျိုးစိတ်ပေါင်း ၁၂၅၀ လောက်ရှိပါတယ်။ သူတို့ရဲ့ သိပ္ပံနာမည်ကတော့ Holothuroidea ဖြစ်ပါတယ်။
အရွယ်အစားကတော့ အနည်းဆုံး ၁.၉ စင်တီမီတာ( ၀.၇၅ လက်မ) ကနေ အများဆုံး ၆ ပေအထိ အရှည်ရှိကြပါတယ်။
တစ်ကီလိုကို ဒေါ်လာ ၃,၀၀၀ ကျော် တန်ကြေးရှိတဲ့ ပင်လယ်သခွားသီးအကောင်လေးတွေကို ကမ္ဘာတဝှမ်းက ပင်‌လယ်ရေအောက်ကြမ်းပြင်တွေမှာသာ တွေ့ရှိနိုင်ပါတယ်။
ပင်လယ်ရေအောက်ကြမ်းပြင်မှာ နေထိုင်ကျက်စားတဲ့ အကောင်လေးတွေကို လူတွေကလည်း ရှာကြံပြီး စားသောက်ကြပါတယ်။
ပင်လယ်သခွားသီးအကောင်ကို တရုတ်နိုင်ငံက အများဆုံး ဝယ်ယူပြီး နာမည် ကြီး ဟိုတယ်များမှာ ဈေးအကြီးဆုံး ပင်လယ်စာ ဟင်းလျှာအဖြစ် ချက်ပြုတ်ရောင်းချကြပါတယ်။
ပင်လယ်သခွားသီးကို ဝါးစားရင် ပျော့တော့တော့ ပျင်းတွဲတွဲ၊ ထုတ်ထုတ်ဖြစ်နေပြီး မချိုမငန်အရသာရှိတယ်လို့ သိရပါတယ်။
ပင်လယ်သခွားသီးအ‌ကောင်တွေ ဈေးကြီးရတာက သူတို့ရဲ့အရသာကြောင့် တော့ မဟုတ်ပါဘူး။
ဒါပေမယ့် သူတို့ကိုစားရတဲ့ အတွေ့ အကြုံက သူတို့ရဲ့ ဆွဲဆောင်မှု တစိတ်တပိုင်း ဖြစ်ပါတယ်။
ယခုအခါမှာတော့ ကမ္ဘာတဝန်းမှာ ပင်လယ်သခွားသီးအကောင်အရေအတွက် များစွာလျော့နည်းလာပါတယ်။
အချို့ ပင်လယ်သခွားသီးအကောင်မျိုးစိတ်တွေဆိုရင် မျိုးသုဉ်းသွားပြီ ဖြစ်ပါတယ်။
တွေ့ရှိရဖို့လည်း အင်မတန် ရှားပါးသွားပြီ ဖြစ်ပါတယ်။ဒီလို ရှားပါးလာလေ ဈေးပိုကြီးလာလေ ဖြစ်ပါတယ်။
ပင်လယ်သခွားသီးအကောင်တွေ အအင်မတန် ရှားပါးလာပြီး ခက်ခက်ခဲခဲ ရှာဖွေရတာကြောင့် အလွန်ဈေးကြီးနေတာ ဖြစ်ကြောင်းတင်ပြလိုက်ပါတယ်။
မြန်မာနိုင်ငံမှာတော့ ပင်လယ်သခွားသီး‌တွေကို တနင်္သာရီကမ်းရိုးတန်း တလျောက်က ဒေသခံတွေနဲ့ ဆလုံလူမျိုးတွေက အဓိကဖမ်းပြီး နိုင်ငံခြားဈေးကွက်သို့ တင်ပို့လေ့ရှိကြောင်း သိရပါတယ်။
ပင်လယ်သခွားသီး
wisenews

image