မင်းဆီ မနက်တိုင်း "Good Morning" ဆိုပြီး Messageပို့တတ်တဲ့သူ တစ်ယောက်ရှိတယ်ဆိုရင်
ဒါလေးကို သတိပြုမိစေချင်တယ်
သူတို့ရဲ့ "Good Morning" မက်ဆေ့ခ်ျတွေဟာ မင်းကို ကောင်းသော နံနက်ခင်းလေး ဖြစ်ပါစေ ဆိုပြီး ဆုတောင်းပေးရုံ သက်သက် မဟုတ်ပါဘူး
မင်းအတွက်ကောင်းတဲ့နေ့လေးဖြစ်ဖို့ ဆုတောင်းနေတဲ့သူ မင်းအကြောင်းကို တွေးနေတဲ့သူ တစ်ယောက်ရှိတယ် ဆိုတာ မင်းနိုးလာတာနဲ့ မင်းကို သိစေချင်တာပါ
သူတို့ မနက်နိုးလာချိန် သူတို့စိတ်ထဲ ပထမဆုံးပေါ်လာတဲ့သူက မင်းပဲ ဆိုတာကို သိစေချင်တာပါ
တန်ဖိုးထားတတ်ဖို့ မမေ့ပါနဲ့
