ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦး ကားမှောက်လို့ ဒဏ်ရာအပြင်းအထန်ရ၊ မွေထိုင်းအကျော်အမော် Seksen နဲ့ ပွဲပျက်
ဒီဇင်ဘာ ၁
မြန်မာပရိသတ် အချစ်တော် ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦးဟာ မနေ့က ကားမှောက်လို့ ဒဏ်ရာအပြင်းအထန်ရသွားတာကြောင့် သူ့လို့ပဲ ထိုင်းနိုင်ငံပရိသတ်အချစ်တော် မွေထိုင်းအကျော်အမော် Seksen နဲ့ ထိုးသတ်ရမယ့်ပွဲကတော့ ပျက်ပြားသွားခဲ့ရပါပြီ။
"မနေ့ကညနေ နိုဝင်ဘာ ၃၀ ရက်က ကျွန်တော်တစ်ယောက်တည်း တောင်ကုန်းပေါ်ကအဆင်း ကားဘရိတ် မမိတော့လို့ ကားနဲ့အတူ ကျွန်တော်တောင်ကုန်းပေါ်ကနေ အောက်ထိလိမ့်ကျခဲ့ပါတယ်။ ဘုရားပေးတဲ့အသက်ပဲ ကျန်ပါတော့တယ်။ ရှေ့လပွဲကတော့ ကျွန်တော်အခြေအနေကြောင့် မထိုးနိုင်သေးပါဘူး။ ဆုတောင်းပေးကြတဲ့သူ၊ ကူညီပေးကြတဲ့သူအယောက်စီတိုင်းကျေးဇူးတင်ပါတယ်"လို့ စိုးလင်းဦးက အသိပေးပါတယ်။
အောင်လအလွန် One Championship မှာ မြန်မာ့ကိုယ်စားပြုကြယ်ပွင့်တစ်ပွင့်ဖြစ်လာတဲ့ စိုးလင်းဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက် One Friday Fights 81 ထိုးသတ်ချိန် ဘင်တန်ဝိတ်တန်းမှာ နံပါတ် ၄ အဆင့်ရှိတဲ့ Nabil Anane ကို ရှုံးခဲ့ပေမဲ့လည်း လာမယ့်နှစ် ဇန်နဝါရီ ၂၄ ရက်မှာ ကျင်းပမဲ့ One 170 ပွဲမှာတော့ ထိုင်းပရိသတ်တွေအလိုကျ ဆက်ဆန် (Seksan) နဲ့ ထိုးသတ်ရတော့မှာဖြစ်ပေမဲ့ အခုတော့ ကားမှောက်မှုကြောင့် လက်တွေနဲ့ လည်ပင်း၊ ဦးခေါင်းမှာ၊ ခန္ဓာကိုယ်ဒဏ်ရာများစွာရခဲ့လို့ ပွဲပျက်သွားရတာပါ။
#centralnewsnaypyitaw


