24 w - Translate

"မကွေးတိုင်းဒေသကြီး၊ မကွေးမြို၌ “ချိုချို”စိန်ရွှေရတနာဆိုင်မှ ငွေကျပ် ၇၅၄ သိန်းခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်းအလေးချိန် ၁၃ ကျပ်သားခန့်အား သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ လုယက်မှုကျူးလွန်ခဲ့သူ တရားခံအမျိုးသားနှစ်ဦးအား သက်သေခံရွှေထည်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ"

နေပြည်တော်၊ နိုဝင်ဘာ ၃၀

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီ၁၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြိုနယ်၊အောင်ရတနာရပ်ကွက်ရှိ “ချိုချို”စိန်ရွှေရတနာဆိုင်သိုအမျိုးသားနှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်းဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက် ၍ ဆိုင်အတွင်းရှိ မှန်ကောင်တာအား တူဖြင့် ထုခွဲကာ ဆွဲသီးပါရွှေဆွဲကြိုး ၂၀ ကုံး၊ ရွှေကလစ် ၁၅ ခု၊ရွှေအလေးချိန် ၁၃ ကျပ်သားခန့်၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၇၅၄ သိန်းခန့်အား လုယက်ယူဆောင် သွားခဲ့ပြီးသေနတ်ပစ်ခတ်ခဲ့မှုကြောင့် ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးထွန်းထွန်းဦး(၅၉)နှစ်နှင့် ဆိုင်အပြင် လမ်းမပေါ်တွင် ရှိနေသည့် ဦးအောင်မျိုးမြင့်ပိုင်(၂၇)နှစ်တိုတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် မကွေးမြိုမရဲစခန်း(ပ)၁၂၃/၂၀၂၄၊  ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုရေးဖွင့်၍ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့သည်။

အမှုမှ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲဝင်များက မြိုပေါ်ရပ်ကွက်များအတွင်း လှည့်ကင်း၊ ပတ်ကင်းများဖြင့် စုံစမ်းရှာဖွေခြင်း၊ မြိုဝင်၊ မြိုထွက် စစ်ဆေးရေးဂိတ်များမှ ပိတ်ဆိုစစ်ဆေးရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ရာ “ချိုချို” စိန်ရွှေရတနာဆိုင် အား သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများလုယက်မှုကျူးလွန်ခဲ့သူ တရားခံ အောင်ဇော်ထွန်း(၄၉)နှစ် (ဘ)ဦးမြသောင်း၊ အောင်မြေသိမ်ကုန်းရပ်ကွက်၊ မင်းဘူးမြိုနယ်နေသူအား ယင်းနေ့ည ၇ နာရီခွဲတွင် မကွေးမြိုနယ်၊ ယင်းဆိပ်စစ်ဆေးရေးဂိတ်၌ ၎င်းစီးနင်းလာသည့်  NewAnbo 125 အမျိုးအစား အနက်ရောင်ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ အောင်ဇော်ထွန်း၏ ထွက်ဆိုချက်အရ ၎င်းနှင့်အတူ အောင်မင်းသူ(ခ) မိုးသန်း(၃၄)နှစ် (ဘ)ဦးခင်မောင်ဦး၊ ရွှေပြည်သာမြိုနယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူတိုနှစ်ဦးသည် “ချိုချို”စိန်ရွှေရတနာဆိုင်အား သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများအား လုယက် ယူဆောင်ခဲ့ပြီး လုယက်ယူဆောင်လာသည့် ရွှေထည်ပစ္စည်းများအား ရှားပင်လှကျေးရွာအနီးရှိလျှိတစ်ခုအတွင်း၌ ဝှက်ထားခဲ့ကြောင်းသိရှိရသဖြင့်နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၄ နာရီတွင် လုံခြုံရေးတပ်ဖွဲဝင်များက သက်သေများနှင့်အတူ သွားရောက်ရှာဖွေခဲ့ရာ အဆိုပါနေရာတွင် အနက်ရောင်ဘေးလွယ်အိတ်အတွင်းမှ ရွှေဆွဲကြိုး ၁၈ ကုံး၊ ရွှေကလစ် ၅ ခုနှင့် အခင်းဖြစ်စဉ် အသုံးပြုခဲ့သည့် GLOCK 19 အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၎င်းကျည် ၁၁ တောင့်တိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် တရားခံ အောင်မင်းသူ (ခ)မိုးသန်းအား နိုဝင်ဘာလ၂၉ ရက်နေ့ ည ၇ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို၊ ရွှေဆံတော် ဘုရားပေါ်ရှိ ကျားပျံဓမ္မာရုံ၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။

တရားခံ အောင်ဇော်ထွန်းနှင့် အောင်မင်းသူ(ခ)မိုးသန်းတိုနှစ်ဦးအား ထပ်မံစစ်ဆေးချက်အရ လုယက်မှုကျူးလွန်စဉ် ပစ်ခတ်သုံးစွဲခဲ့သည့်  GLOCK 19 အမျိုးအစား ပစ္စတိုသေနတ်နှင့် ကျည်အိမ် ၂ ခု၊ ၎င်းကျည် ၁၄ တောင့်အားတရားခံ အောင်ဇော်ထွန်းမှ လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း ကရင်ပြည်နယ်၊ မြဝတီမြိုနယ်တွင် သွားရောက်အလုပ်လုပ်ကိုင်စဉ် အမျိုးသားတစ်ဦး(စိစစ်ဆဲ)ထံမှ ငွေကျပ် ၂၅ သိန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ “ချိုချို”စိန်ရွှေရတနာဆိုင်အား လုယက်မှုကျူးလွန် ရန် ၎င်းတိုနှစ်ဦးသည် လုယက်မှုမကျူးလွန်မီ နှစ်ရက်ခန့်ကြိုတင်၍ စိန်ရွှေရတနာဆိုင်၏ ရောင်းချ နေမှုအခြေအနေနှင့် လူဝင်၊ လူထွက်အခြေအနေများအား စောင့်ကြည့်ခဲ့ကာလုယက်မှု ကျူးလွန်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

image