24 w - Translate

လီဗာပူးကိုရှုံးပါက မန်စီးတီး ချန်ပီယံပြေးလမ်းမှ ထွက်သွားရလိမ့်မည်ဟု ဂျိုကိုးသုံးသပ်

မန်စီးတီးအသင်းအနေနဲ့ လီဗာပူးအသင်းနဲ့ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ချန်ပီယံပြေးလမ်းကနေ ထွက်ခွါ သွားလိမ့်မယ်လို့ အင်္ဂလန်ကစားသမားဟောင်း ဂျိုကိုးက ပြောသွားပါတယ်။

မန်စီးတီးအသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ လီဗာပူးအသင်းနဲ့ အိမ်ကွင်း အမ်ဖီးလ်မှာ သွားရောက်ကစားရမှာပါ။

လက်ရှိ အချိန်မှာ မန်စီးတီးက လီဗာပူးနဲ့ ၈ မှတ်ကွာဟနေတာကြောင့် ရှုံးပွဲတွေ့ခဲ့မယ်ဆိုရင် ၁၁ မှတ်အထိ ကွာဟသွားမှာပါ။

ရမှတ်၁၁ မှတ်ကွာဟချက်က လိုက်မီဖို့ အလွန်များပြားတဲ့အရေအတွက်ဖြစ်လို့ မန်စီးတီး ရှုံးနိမ့်သွားမယ်ဆိုရင် ချန်ပီယံပြေးလမ်းကနေ ထွက်ခွါသွားရမှာဖြစ်ကြောင်းဂျိုကိုးက ပြော သွားပါတယ်။
DVB
Photo: Reuters

image