24 w - Translate

ရန်ကုန်မြို့ပတ်တွင် DEMU ရထားများ စတင်ပြေးဆွဲ

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း၌ စပိန်နိုင်ငံထုတ် DEMU ရထားတွဲများ စတင်ပြေးဆွဲနေကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ရထားခရီးစဉ် လမ်းကြောင်းများသည် ရန်ကုန်အထိ လမ်း ကြောင်း (၇) ခုနှင့် ရန်ကုန်မှ မင်္ဂလာဒုံ၊ အင်းစိန်အထိ လမ်း ကြောင်း (၇) ခု စုစုပေါင်း လမ်းကြောင်း (၁၄) ခုအထိ ရှိကြောင်းလည်း သိရသည်။

စီးနင်းခအနေဖြင့် မြို့တစ်ပတ်စာ(၃၃) ဘူတာကို မြန်မာငွေ (၈၀၀)၊ (၁၅) ဘူတာကို မြန်မာငွေ ကျပ် (၄၀၀) ကျသင့်မည် ဖြစ်ပြီး ရထားအစောဆုံးအချိန်သည် ရန်ကုန်ဘူတာကြီးမှ မင်္ဂလာဒုံဘက်သို့ နံနက် (၇) နာရီ (၅) မိနစ်က စတင်ထွက်ခွာကာ အင်းစိန်ဘူတာ လက်ယာရစ်ကို နံနက် (၈) နာရီ (၃၅) မိနစ်တွင် စတင်ထွက်ခွာပေးမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိပြေးဆွဲမည့် ရထားသစ်များတွင် ရထားဈေးသည်များကို ဈေးရောင်းခွင့် ပြုမည်မဟုတ်ကြောင်းလည်း သိရပြီး ရထားတွဲဟောင်း ဂျပန်ထုတ် RBE တွဲများကို ရန်ကုန် - လှော်ကား လမ်းပိုင်းတွင် ထည့်သွင်းပြေးဆွဲမည် ဖြစ်ကြော င်းလည်း သိရသည်။

imageimage