24 ပတ် - ဘာသာပြန်ပါ။

ထိုင်းနိုင်ငံရှိ ပြည်နယ်ခုနစ်ခု၌ ရေကြီး၍ လူ ၄ ဦး‌ေ-သဆုံး

ဘန်ကောက်၊နိုဝင်ဘာ ၂၉

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ပြည်နယ်ခုနစ်ခု၌ ရေကြီး၍ လူလေးဦး‌ေ-သဆုံးပြီး အိမ်ထောင်စု ၂၄၀,၀၀၀ ကျော်ထိခိုက်ခဲ့ကြောင်း သဘာဝဘေးကာကွယ်ရေးနှင့် လျော့ပါးရေးဌာနက သောကြာနေ့တွင်သတင်းထုတ်ပြန်ခဲ့သည်။

လေဖိအားနည်းရပ်ဝန်းမှ အားပြင်းသော လေဖိအားနည်းရပ်ဝန်းမှအဖြစ်ပြောင်းလဲ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်နယ်ခုနစ်ခုတွင် ရုတ်တရက်ရေကြီးရခြင်းဖြစ်ကြောင်းလည်း အဆိုပါဌာနက ပြောကြားခဲ့သည်။

အရှေ့မြောက်မုတ်သုံလေနှင့် လေဖိအားနည်းရပ်ဝန်းကြောင့် တောင်ပိုင်းပြည်နယ်များတွင် စနေနေ့အထိ မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး လျှပ်တပြက်ရေကြီးခြင်း၊မြေပြိုခြင်း၊မြစ်ရေလျှံခြင်းနှင့် လေပြင်းများတိုက်ခတ်နိုင်ခြင်းတို့အတွက် ဒေသခံများအား သတိပေးထားကြောင်းလည်း ထိုင်းမိုးလေဝသဌာနကပြောကြားခဲ့သည်။

image