24 ပတ် - ဘာသာပြန်ပါ။

ကြည့်မြင်တိုင် ဗဟိုစံပြငါးစျေးရှိ ရေခဲကြိတ်စက်ရုံတွင်မီးလောင်မှုဖြစ်

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ဗဟိုစံပြငါးစျေးတွင် ယနေ့ နိုဝင်ဘာ ၃၀ ရက်နံနက် ၆ နာရီ ၂၆ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ကြည့်မြင်တိုင်မြို့နယ်၊ မန်ကျည်းတန်းတောင်အ နောက်ရပ်ကွက်၊ ဥယာဉ်လမ်း၊ ဗဟိုစံပြငါးဈေးရှိ ရေခဲကြိတ်စက်ရုံတွင်မီးလောင်မှုဖြစ်ပွား၍ ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၆ နာရီ ၃၆ မိ နစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၆ နာရီ ၃၉ မိနစ်၌ မီးငြိမ်းသွားခဲ့၍ စတင်လောင်ကျွမ်းရသည့်အ ကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မီး သတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

imageimage