24 ပတ် - ဘာသာပြန်ပါ။

အရှေ့တောင်အာရှ လေးနိုင်ငံကလာတဲ့ ဆိုလာပြားတွေအတွက် သွင်းကုန်အခွန်သစ် အမေရိကန်ချမှတ်

နိုဝင်ဘာ ၃၀

ဈေးကွက်အတွင်း မျှတမှုမရှိဘဲ ဈေးသက်သာတဲ့ ထုတ်ကုန်တွေတင်သွင်းနေတဲ့ ကုမ္ပဏီတွေရှိနေကြောင်း အ မေရိကန်ကုမ္ပဏီတွေက တိုင်ကြားလာပြီးနောက် အရှေ့တောင်အာရှ လေးနိုင်ငံက တင်သွင်းနေတဲ့ ဆိုလာပြား တွေအပေါ် သွင်းကုန်အခွန်သစ် ချမှတ်လိုက်ကြောင်း အမေရိကန်ကုန်သွယ်ရေးအရာရှိတွေက နိုဝင်ဘာ ၂၉ ရက်နေ့ (သောကြာနေ့) က ကြေညာလိုက်ပါတယ်။

အမေရိကန်ဆိုလာထုတ်လုပ်ရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံရာမှာ ဒေါ်လာဘီလျံပေါင်းများစွာကို ကာကွယ်ဖို့ ကြိုး ပမ်းနေတဲ့ ကိုရီးယား Hanwha Qcells ကုမ္ပဏီ၊ အရီဇိုးနားအခြေစိုက် First Solar Inc နဲ့ တခြားကုမ္ပဏီငယ် လေးငါးခုတို့ တင်ပြခဲ့တဲ့ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး အခုနှစ်အတွင်း ဂျိုးဘိုင်ဒန်အစိုးရ ကုန်သွယ်ရေးဝန်ကြီးဌာန က ချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက် နှစ်ခုမှာ အခုဆုံးဖြတ်ချက်က ဒုတိယမြောက်ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

မလေးရှား၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံတို့မှာ စက်ရုံတွေတည်ဆောက်ပြီး ဆိုလာပြားတွေ ထုတ်လုပ် နေတဲ့ တရုတ်ဆိုလာပြားထုတ်လုပ်ရေးကုမ္ပဏီတွေဟာ ပေါချောင်ညံ့ပစ္စည်းတွေနဲ့ ဈေးကွက်ထဲထိုးဖောက်လာ ပြီး ကမ္ဘာ့ဆိုလာပြားဈေးနှုန်း ထိုးကျသွားအောင်လုပ်နေကြောင်း အမေရိကန်မဟာမိတ် ဆိုလာထုတ်လုပ်မှု ကုန် သွယ်ရေးကော်မတီက စွပ်စွဲပြောဆိုထားပါတယ်။

ကမ္ဘောဒီးယား၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတွေက ဆိုလာပြားတွေနဲ့ ပတ်သက်ရင် ကုမ္ပဏီပေါ်မူတည်ပြီး စုပုံအခွန် ၂၁.၃၁% နဲ့ ၂၇၁.၂% ကြားရှိကြောင်း အမေရိကန်ကုန်သွယ်ရေးဝန်ကြီး ဌာနဝက်ဆိုက်ပေါ်မှာ သော ကြာနေ့က တင်ထားတဲ့ ကနဦးဆုံးဖြတ်ချက်အရ သိရကြောင်း ကော်မတီကပြောပါတယ်။

Jinko Solar ကုမ္ပဏီဟာ မလေးရှားမှာထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေအတွက် အခွန် ၂၁.၃၁% လက်ခံရရှိပြီး ဗီ ယက်နမ်မှာထုတ်လုပ်တဲ့ ပစ္စည်းတွေအတွက် အခွန် ၅၆.၅၁% ရရှိပါတယ်။

တရုတ် Trina Solar ကုမ္ပဏီဟာ ထိုင်းနိုင်ငံမှာ ၎င်းတို့ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေအတွက် အမြတ် ၇၇.၈၅% ရရှိပြီး ဗီယက်နမ်နိုင်ငံမှာထုတ်လုပ်တဲ့ပစ္စည်းတွေအတွက် ၅၄.၄၆% ရရှိပါတယ်။

အဲဒီကုမ္ပဏီတွေနဲ့ မတူတာကတော့ အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာနဟာ မလေးရှားနိုင်ငံမှာထုတ်လုပ်တဲ့ ကိုရီးယား Hanwha Qcells ကုမ္ပဏီရဲ့ အမြတ်ရာခိုင်နှုန်းကို တစ်ခုမှ တွက်ပြထားခြင်းမရှိပါဘူး။

ကိုရီးယားကုမ္ပဏီ Hanwha Qcells အတွက် အစိုးရထောက်ပံ့ကြေး ၁၄.၇၂% ရှိကြောင်း အောက်တိုဘာလမှာ ကုန်သွယ်ရေးဝန်ကြီးဌာနက တွက်ချက်ထားပါတယ်။

ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးဆုံးဖြတ်ချက်တွေကို ၂၀၂၅ ခုနှစ် ဧပြီလ ၁၈ ရက်နေ့မှာချမှတ်ဖို့ စီစဉ် ထားပါတယ်။

နိုင်ငံတကာကုန်သွယ်ရေးကြီးကြပ်မှုအဖွဲ့ကလည်း ၎င်းတို့အဖွဲ့ရဲ့ အပြီးသတ်ဆုံးဖြတ်ချက်ကို လာမယ့် ဇွန်လ ၂ ရက်နေ့မှာချမှတ်ပြီး အပြီးသတ် ညွှန်ကြားချက်ကို ဇွန်လ ၉ ရက်နေ့မှာ ထုတ်ပြန်ဖို့ စီစဉ်ထားပါတယ်။

Ref: US Sets Tariffs for Solar Panels from Southeast Asian Nations

#centralnewsnaypyitaw

image