24 ပတ် - ဘာသာပြန်ပါ။

နည်းပြ ဖရန့်လမ်းပတ် ကိုဗင်ထရီနည်းပြသစ်အဖြစ် စတင်တာဝန်ယူ

နည်းပြဖရန့်လမ်းပတ်ဟာ ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီနည်းပြသစ်အဖြစ် စတင်တာဝန်ယူနေ ပါတယ်။

အသက် ၄၆ နှစ်ရှိ အင်္ဂလန်နဲ့ ချဲလ်ဆီးကွင်းလယ်ကစားသမားဟောင်းဟာ ကိုဗင်ထရီနဲ့ ၂နှစ်ခွဲ စာချုပ်ချုပ်ဆိုခဲ့ပြီး နိုဝင်ဘာ ၂၈ ရက်က အသင်းနဲ့အတူ လေ့ကျင့်ခန်းစတင်ခဲ့ပါတယ်။

၂၀၂၂- ၂၀၂၃ ဘောလုံးရာသီနှောင်းပိုင်းမှာ နည်းပြဂရေဟမ်ပေါ်တာရဲ့ နေရာမှာယာယီနည်းပြအဖြစ် ချဲလ်ဆီးကို တကျော့ပြန်တာဝန်ယူခဲ့ပြီးနောက် ၁၈ လအကြာမှာ ဘောလုံးလောကထဲပြန်ဝင်လာခဲ့ တာပါ။

ဖရန့်ဟာ ချဲလ်ဆီးနဲ့ အဲဗာတန်အသင်းတွေမှာ အတွေ့အကြုံကောင်းတွေရရှိခဲ့သူဖြစ်ပြီး အသင်းနည်းပြအဖြစ် ခန့်အပ်နိုင်ခဲ့တဲ့အပေါ် ကျေနပ်မိကြောင်း ကိုဗင်ထရီအသင်းပိုင်ရှင် ကဒေါ့ကင်းက ပြောပါတယ်။

ကိုဗင်ထရီဟာ ချန်ပီယံရှစ် ၁၇ ပွဲအပြီးမှာ အဆင့် ၁၇ မှာရပ်တည်နေပြီး တန်းတက်ခွင့် ပလေးအော့ဖ်ကစားခွင့်ရမဲ့ အဆင့် ၆ က မစ်ဒယ်ဘရော့အသင်းနဲ့ ၁၀ မှတ် ကွာဟနေဆဲ ဖြစ်ပါတယ်။
DVB
Photo-Reuters

image