24 ပတ် - ဘာသာပြန်ပါ။

အရန်ဆန် အိတ်‌ရေ ရှစ်သိန်းလောက်ရှိပြီး လိုအပ်ပါက ထုတ်ရောင်းပေးမယ်ဟုဆို

နိုဝင်ဘာ ၂၉

ဆန် ပိုကုန် အခြေပြု အရန်ဆန် စနစ်နဲ့ ဆန်အိတ်ရေ ရှစ်သိန်းလောက်ရှိပြီဖြစ်ပြီး လိုအပ်ပါက ထုတ်ရောင်းချ ပေးသွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။

အဲ့ဒီအရန်ဆန်ကို Exporter တွေနဲ့ ပူးပေါင်းပြီး တစ်တန် တင်ပို့မှုပြုလုပ်တိုင်း ဆန် တစ်အိတ်နှုန်း အရန်ဆန်အဖြစ် ထားရှိခဲ့ကြတာလို့ သိရပါတယ်။

“Exporter တွေရဲ့ပါဝင်မှုနဲ့ဆောင်ရွက်ထားပါတယ်။ အဲဒီတော့ Export တစ်တန်ပိုတိုင်း ပိုတိုင်းမှာ ဆန်တစ်အိတ်၊ ဒါကတော့ ဆန်စပါးစင်တာမှာရှိတဲ့ Exporter တွေရဲ့ ပူးပေါင်းမှုနဲ့ ဆောင်ရွက်ထားပါတယ်”လို့ ဦးရဲမင်းအောင်က ပြောပါတယ်။

လိုအပ်ချက်ရှိလာရင် ပရဟိတအသင်းအဖွဲ့တွေဖြစ်စေ၊ လူမှုရေးအသင်းအဖွဲ့တွေဖြစ်စေ၊ စက်ရုံအလုပ်ရုံတွေကဖြစ်စေ ရောင်းပေးသွားမယ်လို့ ဆိုပါတယ်။

အခုလို ထားရှိတဲ့ အရန်ဆန်ဟာ ဧည့်မထ ၁၅ မှတ် အမျိုးအစားဖြစ်ပြီး ဆန် ရည်ဆန်သားကောင်းမွန် သင့်တင့်မျှတတယ်လို့လည်း ဦးရဲမင်းအောင်က ပြောပါတယ်။

#centralnewsnaypyitaw

image