ပြည်သူ့အကျိုးပြု ကျောင်းသားများ ပါတီ မှတ်ပုံတင်လျှောက်ထားမှု ငြင်းပယ်ခံရ

နိုဝင်ဘာ ၂၉

ပြည်သူ့အကျိုးပြု ကျောင်းသားများ ပါတီ မှတ်ပုံတင်လျှောက်ထားမှုကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာ ၂၈ ရက်နေ့က ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

ငြင်းပယ်ခံလိုက်ရတဲ့ ပါတီရဲ့ တံဆိပ်ဟာ အောက်ခံ အနီရောင်ပေါ်မှာ အဖြူရောင် ခွပ်ဒေါင်းကို ကြယ်ဖြူ (၁၄)လုံးက ခါးအလယ်ကနေ ဝိုင်းပတ်ထားတာကိုတွေ့ရပါတယ်။

ပါတီမှတ်ပုံတင်လျှောက်ထားလာမှုကို သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ စိစစ် ပြန်ကြားချက်တွေအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၆ ပါ ပြဌာန်းချက်တွေနဲ့ ညီညွတ်မှု မရှိတဲ့တွေ့ရ တယ်လို့ က်ောမရှင်က ပြောပါတယ်။

အဲ့ဒီအတွက် ကော်မရှင် စုံညီအစည်းအဝေး အမှတ်စဥ် (၃၄/၂၀၂၄) မှာ ဥပဒေမှာပါတဲ့ ပုံစံ (ဆ) နဲ့ ငြင်းပယ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image