24 ပတ် - ဘာသာပြန်ပါ။

အမေရိကန်ဒုံးကျည်တွေကို လက်မခံဖို့ ဖိလစ်ပိုင်ကို တရုတ်သတိပေး

နိုဝင်ဘာ ၂၉

ဖိလစ်ပိုင်နိုင်ငံမှာ အမေရိကန်ပြည်ထောင်စုက ဒုံးကျည်စနစ်တွေလာရောက်တပ်ဖြန့်ချထားတာဟာ တောင်တ တရုတ်ပင်လယ်တွင်း စစ်မက်ဖြစ်ပွားလာနိုင်တဲ့အထိ အန္တရာယ်ကြီးမားတဲ့အတွက် အမေရိကန်ဒုံးကျည်တွေကို လက်မခံဖို့ ဖိလစ်ပိုင်ကို တရုတ်နိုင်ငံက သတိပေးလိုက်ပါတယ်။

တောင်တရုတ်ပင်လယ်တွင်း တရုတ်နဲ့ နယ်မြေအငြင်းပွားနေတဲ့ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ အမေရိကန်ထံက တာ လတ်ပစ်ဒုံးကျည်စနစ်တွေ ဝယ်ယူဖို့ စဉ်းစားနေကြောင်း အခုလအစောပိုင်းက ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂယ်လ်ဘတ်တိုသီယိုဒိုရိုက ပြောကြားခဲ့ပြီးနောက် အခုလို တရုတ်နိုင်ငံက ပြောကြားလိုက်တာဖြစ်ပါတယ်။

Typhon ဒုံးကျည်ခေါ် ထိုးစစ်ဒုံးကျည်စနစ်တွေကို အခုလို တပ်ဖြန့်ချထားတာဟာ ဖိလစ်ပိုင်နို်င်ငံက ထိပ်တိုက် တွေ့ဆုံမှုကို ဖန်တီးနေတာဖြစ်ပြီး တင်းမာမှုတွေမြင့်တက်လာအောင် ဆောင်ရွက်နေတာဖြစ်ကြောင်း ကြာသပ တေးနေ့သတင်းစာရှင်းလင်းပွဲမှာ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးဝူချီယန်က ပြော ပါတယ်။

“အမေရိကန်လက်နက်တွေ တပ်ဖြန့်ချထားတဲ့နေရာတွမှာ စစ်မက်ဖြစ်ပွားမယ့် အန္တရာယ်တွေ ပိုမိုမြင့်တက်လာ ပြီး ဒေသခံပြည်သူတွေအတွက် မထိုက်တန်တဲ့ဘေးဒုက္ခတွေကို ကျရောက်အောင် ဖန်တီးတတ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

အဲဒီဒုံးကျည်စနစ်တွေကိုလည်း ချက်ချင်း ပြန်လည်ရုတ်သိမ်းသွားဖို့ အမေရိကန်နဲ့ ဖိလစ်ပိုင်ကို ဗိုလ်မှူးကြီးဝူချီ ယန်က တောင်းဆိုလိုက်ပါတယ်။

ဧပြီလအတွင်းက အမေရိကန်ကြည်းတပ်က Typhon ဒုံးပစ်လောင်ချာတစ်စင်းကို စစ်ရေးလေ့ကျင့်မှုအတွက် ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း လူဇုန်ဒေသကို ပို့ဆောင်ပေးခဲ့ပါတယ်။ အဲဒီ Typhon ဒုံးပစ်လောင်ချာဟာ မြေပြင်နဲ့ ဝေဟင်ပစ် ဒုံးကျည်အမျိုးအစားနှစ်မျိုးဖြစ်တဲ့ တိုမဟော့ခရုစ်ဒုံး ကျည် (Tomahawk) နဲ့ Standard Missile 6 နှစ်မျိုးစလုံးကို ထည့်သွင်းပစ်ခတ်နိုင်ပါတယ်။

တိုမဟော့ခရုစ်ဒုံးကျည်ဟာ မိုင် ၁၀၀၀ အထိ ပစ်ခတ်နိုင်ပြီး Standard Missile 6 ကတော့ မိုင် ၂၉၀ အထိ ပစ် ခတ်နိုင်ပါတယ်။

မူလက အမေရိကန်ဒုံးပစ်လောင်ချာကို စက်တင်ဘာလအတွင်း ပြန်လည်သယ်ယူဖို့ စီစဉ်ခဲ့ပေမဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေမှာအသုံးပြုတဲ့အခါ လေ့ကျင့်ဖို့အတွက် အဲဒီဒုံးကျည်စနစ်ကို ဖိလစ်ပိုင်နိုင်ငံမှာပဲ ဆက်လက်ထား ရှိဖို့ မဟာမိတ်နိုင်ငံတွေက ဆုံးဖြတ်ခဲ့ပါတယ်။

တရုတ်က ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်လာခဲ့ရင် အမေရိကန်က Typhon ဒုံးကျည်စနစ်ကို ကိုင်တွယ်ပစ် ခတ်တဲ့ နယ်ပယ်စုံတိုက်ခိုက်ရေးတပ်ဖွဲ့တစ်ဖွဲ့ကို ဖိလစ်ပိုင်နိုင်ငံကို စေလွှတ်သွားမှာဖြစ်ကြောင်း ဂျပန်ကျိုဒိုသ တင်းဌာနက ပြောပါတယ်။

အမေရိကန်နဲ့ ဖိလစ်ပိုင်အစိုးရက အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံမှာ Typhon ဒုံးကျည်စနစ် တပ်ဖြန့်ချထား မယ်ဆိုရင် တရုတ်နိုင်ငံက “ပြတ်ပြတ်သားသား” တုံ့ပြန်သွားမှာဖြစ်ကြောင်း ဝူက ပြောပါတယ်။

အမေရိကန်ဒုံးကျည်စနစ်နဲ့ တပ်ဖြန့်ချထားတာနဲ့ ပတ်သက်ပြီး တရုတ်က ဖိလစ်ပိုင်ကို သတိပေးနေတာ အခု အကြိမ်ဟာ ပထမဦးဆုံးအကြိမ်တော့မဟုတ်ပါဘူး။

အမေရိကန်အစိုးရထံကနေ ထိုးစစ်ဒုံးကျည်စနစ်တွေ တာဝန်မဲ့ဝယ်ယူနေတာတွေကို မလုပ်ဖို့ အခုလအစော ပိုင်းကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖိလစ်ပိုင်အစိုးရကို ပြောကြားခဲ့ပါသေးတယ်။

Ref: China Issues New Missile Warning to US and Philippines: Newsweek

#centralnewsnaypyitaw

image
image
image