24 ပတ် - ဘာသာပြန်ပါ။

အဋ္ဌမအကြိမ် အခမဲ့သီတဂူစက္ခုဒါနအလှူတော်၌ (၆) ရက်အတွင်း မျက်စိဝေဒနာရှင် (၅၂၀) ဦးကို ခွဲစိပ်ကုသ အလင်းအလှူပြုလုပ်ခဲ့

နိုဝင်ဘာ ၂၉

အဋ္ဌမအကြိမ် အခမဲ့သီတဂူစက္ခုဒါနအလှူတော်တွင် နိုဝင်ဘာ ၂၂ ရက်မှ နိုဝင်ဘာ ၂၇ ရက်အထိ မျက်စိ ဝေဒနာရှင် (၂၂၅၈) ဦး စမ်းသပ်စစ်ဆေးပြီး မျက်စိဝေဒနာရှင် (၅၂၀)ဦးကို ခွဲစိပ်ကုသအလင်းအလှူ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သီတဂူအဓိပတိဆရာတော်ဘုရားကြီးဦးဆောင်သော သီတဂူမျက်စိအထူးကုအဖွဲ့သည် ပထမအကြိမ်မှ အဋ္ဌမအကြိမ် ယမန်နေ့အထိ မျက်စိဝေဒနာရှင်ပေါင်း (၁၀၈၅၉)ဦးကို အခမဲ့စမ်းသပ်ပေးပြီး၊ မျက်စိဝေဒနာရှင် ပေါင်း (၃၁၅၇)ဦးကို အခမဲ့ခွဲစိပ်ကုသအလင်းအလှူပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

#newvisionmedia

image
image
image
image