24 ပတ် - ဘာသာပြန်ပါ။

■ ချယ်လ်ဆီးနဲ့ အင်္ဂလန်ကွင်းလယ်လူဟောင်း ဖရန့်လမ်းပတ်ဟာ ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီအသင်းနည်းပြသစ်အဖြစ် (၂) နှစ်ခွဲစာချုပ်ချုပ်ကာ ခန့်အပ်ခံခဲ့ရပါတယ်။ ကိုဗင်ထရီအသင်းဟာ ချန်ပီယံရှစ်ပြိုင်ပွဲမှာ တန်းဆင်းဇုန်နဲ့ (၂)မှတ်အကွာ အဆင့်(၁၇)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

■ လီဗာပူးလ်အသင်းဟာ ညာနောက်ခံလူ အာနိုးလ်ရဲ့နေရာမှာအစားထိုးဖို့အတွက် လေဗာကူဆင်အသင်းညာနောက်ခံလူ ဖရင်ပေါင်ကို ပစ်မှတ်ထားနေပါတယ်။ ဒီရာသီအကုန်မှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် အာနိုးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သတင်းထွက်ပေါ်နေတာဖြစ်ပါတယ်။

>>>>>

■ ဘိုင်ယန်မြူးနစ်နဲ့ မန်ယူနိုက်တက်အသင်းတို့ဟာ အေစီမီလန်အသင်းဘယ်နောက်ခံလူ သီယိုဟာနန်ဒက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ သီယိုဟာနန်ဒက်ဇ်နဲ့ အေစီမီလန်အသင်းတို့ရဲ့စာချုပ်ဟာ ၂၀၂၆ နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

■ အင်တာမိုင်ယာမီအသင်းဟာ ဝါရင့်တိုက်စစ်မှူး ဆွာရက်ဇ်ကို ၂၀၂၅ မေဂျာလိဂ်ရာသီအကုန်ထိရှိမယ့် (၁)နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ ၂၀၂၄ ရာသီမှာ အင်တာမိုင်ယာမီအသင်းအတွက် (၃၇)ပွဲပါဝင်ကစားခဲ့ပြီး (၂၅)ဂိုးသွင်းယူကာ Supporters' Shield ဖလားရယူနိုင်ခဲ့ပါတယ်။

■ ဖီအိုရမ်တီးနားနဲ့ နာပိုလီအသင်းတို့ဟာ ပိုလန်နောက်ခံလူ ခီဗီရောကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းဟာ ခီဗီရောကို ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ထွက်ခွာခွင့်ပေးဖွယ်မရှိဘူးလို့ သိရပါတယ်။

■ ချယ်လ်ဆီးအသင်းဟာ အစ်ဝစ်ချ်အသင်းတိုက်စစ်မှူး ဒီလပ်ကို ခေါ်ယူဖို့ ပြင်းထန်တဲ့ ချိတ်ဆက်မှုတွေပြုလုပ်နေပါတယ်။ ချယ်လ်ဆီးအသင်းအနေနဲ့ ဒီလပ်ကို ခေါ်ယူနိုင်ဖို့အတွက် သူ့ရဲ့အသင်းဟောင်း မန်စီးတီးအသင်းနဲ့ယှဉ်ပြိုင်ရဖို့ရှိနေတာဖြစ်ပါတယ်။

image